နယ်ရုံးများ၏သတင်းများ

Jan 20,2022
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်လူထုအခြေပြုဗဟိုဌာနရှိ ပြည်သူ့စာကြည့်တိုက်ကို ဒီဇင်ဘာ ၂၀ ရက်နေ့မှစ၍ ဖွင့်လှစ်ထားရှိရာ  ဇန်နဝါရီ ၂၀ ရက်နေ့က စာဖတ်ပရိတ်သတ်များအား ကိုဗစ်-၁၉ရောဂါကာကွယ်ရေး နည်းလမ်းများနှင့်အညီ စာအုပ်၊စာစောင်များအခမဲ့ ငှါးရမ်းပေးလျက်ရှိသည်။
Jan 20,2022
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြု ဗဟိုဌာန(CommunityCentre)ခန်းမ၌ ယနေ့နံနက်(၁၀:၀၀)နာရီအချိန်က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးစည်ကမ်းချက်များနှင့် အညီ မျက်နှာသစ်ဆပ်ပြာပြုလုပ်နည်းသင်တန်းကို သင်တန်းသူ (၁၂)ဦးဖြင့် အခမဲ့ ဖွင့်လှစ်ပေးခဲ့ကြောင်းသိရသည်။
Jan 20,2022
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန အနေဖြင့် မြို့နယ်နေ ပြည်သူများ အသိပညာဗဟုသုတ တိုးပွားရရှိစေရေးအတွက် အမြဲ ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းတွင်လည်း မြို့နယ်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့ရုံးသို့ သွားရောက်၍  စာပေဖတ်ရှုသူ တပ်ဖွဲ့ဝင်များ လက်ဝယ်အရောက် သုတ၊ ရသစာအုပ်များ အခမဲ့ ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
Jan 20,2022
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ဗီဇမျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းကို ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်များအတွင်း အသံချဲ့စက်ဖြင့် လှည့်လည်နှိုးဆော်ခဲ့ကြောင်း သိရသည်။
Jan 20,2022
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ် ဦးစီးမှူးရုံးမှ ဝန်ထမ်းများက လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်ဖြင့် ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုး ထုတ်ပေးနိုင်ရေးအတွက် နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် အိမ်ထောင်စုလူဦးရေစာရင်းများကို ရပ်ကွက်၊ ကျေးရွာများနှင့် အခြေခံပညာ ကျောင်းများအရောက် ကွင်းဆင်းပြုလုပ်ဆောင်ရွက်ပေးလျက်ရှိပြီး ယမန်နေ့ မွန်းလွဲပိုင်းက ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပြီးစီးခဲ့သည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများပေးအပ်ခြင်းကို အတွင်းရေကျော်ကျေးရွာအုပ်စု၊ အတွင်းရေကျော် ကျေးရွာရှိ နိမ္မိတာရုံ ဘုန်းတော်ကြီးကျောင်းတိုက်တွင် ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။
Jan 20,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနသည် ကျောင်းသား၊ ကျောင်းသူ များ အသိပညာဗဟုသုတရရှိစေရန် ရည်ရွယ်၍ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်မည့် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲ၊ နံရံကပ် စာစောင်နှင့် စာအုပ်ပြပွဲကို ပညာရေးဌာနနှင့်ပူးပေါင်း၍ ယမန်နေ့ မွန်းလွဲ ၁ နာရီက အခြေခံပညာ အထက်တန်း ကျောင်းခန်းမဆောင်၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
Jan 20,2022
ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ (Community Centre)ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်မီးသတ် ဦးစီးဌာနတို့ ပူးပေါင်းကာ ယမန်နေ့နံနက် ၁၀း၀၀အချိန်က “မီးဘေးအန္တရာယ်ဆိုင်ရာ” အသိပညာပေး ဆွေးနွေးပွဲ (TalkShow)အစီအစဉ် ကျင်းပပြုလုပ်ခဲ့သည်။