လှိုင်းဘွဲ မတ်လ ၄
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် ကော့ဝန်းကျေးရွာတွင် မိသားစုစားဝတ်နေရေးအတွက် သခွားသီးများ စနစ်တကျစိုက်ပျိုးခြင်း၊ ဟင်းသီးဟင်းရွက် များ စိုက်ပျိုးခြင်းဖြင့် မိသားစုအပိုဝင်ငွေများ ရရှိ၍ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
“သခွားပင်များကို စပါးရိတ်ပြီးအချိန် စစိုက်ပျိုးတယ်၊ အပင်ငယ်တဲ့အချိန်မှာ ပိုးမကျအောင် ဂရုစိုက်ရတယ်၊ မြေဩဇာ ကြွေးရတယ်၊ ရေပုံမှန်လောင်းရတယ်၊ စစိုက်ပျိုးတဲ့အချိန်ကနေ သီးတဲ့အထိအချိန်က တစ်လလောက် ကြာပါတယ်။ အသီးသီးချိန်ကတော့ (၂)လလောက် ခူးလို့ရပါတယ်၊ ပထမစစိုက်တာ ကတော့ ဘောင်(၁၅)ဘောင်၊ တစ်ဘောင်ကိုတော့ အပင်(၃၀)ကျော်လောက်ရှိတယ်။ လယ်ကွက်ထဲမှာ စိုက်တာဖြစ်တဲ့အတွက်ကြောင့် ပထမစိုက်ထား အပင်အသီးသီး တာနဲ့ တခြားနေရာမှာ ဘောင်ဖော်ပြီး ထပ်စိုက်ပျိုးပါတယ်၊ ပထမစိုက်ထားတဲ့ အသီးကုန်ရင် နောက်စိုက်တဲ့ အပင်ကအသီးသီးလာပါတယ်။ ကန်စွန်းရွက်၊မုန်လာ၊ ရွှေဖရုံတို့ကိုလဲ စိုက်ပျိုးပါတယ်၊ အသီးကိုတော့ (၄)ရက်တစ်ခါ (၇)ရက်တစ်ခါ ခူးပြီး ရောင်းလို့ရတယ်။ အသီးအရွက်တွေကို ပုံမှန်ရောင်းလို့ရတဲ့အတွက်ကြောင့် မိသားစုစားဝတ်နေရေး အတွက် အဆင်ပြေကြောင်း” သခွားစိုက် တောင်သူ ဦးကျော်ဝင်းက ရှင်းပြသည်။
သခွါးပင်များကို အပင်ပျိုးတဲ့အချိန်မှစ၍ တလအကြာတွင် စတင်ခူးဆွတ်နိုင်ပြီး အပင်ပြုစုမှုအပေါ် မူတည်၍ အသီးခူချိန်ကို (၂)လကျော်ကြာ ခူးဆွတ်နိုင်ကြောင်း၊ သခွါးသီးတစ်ပိဿာလျှင် (၆၀၀)ကျပ်၊(၇၀၀)ကျပ် ရောင်းချကြောင်း သိရှိရသည်။
စောဒိ(ပြန်/ဆက်)