နယ်ရုံးများ၏သတင်းများ

Jan 20,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်တွင် စာရေးဆရာအသင်း တွေ့ဆုံညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နေ့လည်၁၂နာရီအချိန်က လှိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနCommunityCentreခန်းမတွင် ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။
Jan 19,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် လယ်ဝေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ယမန့်နေ့ ညနေ(၃)နာရီက မူလတန်း (အထက်ဆင့်)  ပုံပြင်ပြောပြိုင်ပွဲ ကျင်းပခဲ့သည်။ ရှေးဦးစွာ မြို့နယ်ဦးစီးမှူး ဒေါ်ဝေကြည်စန်းအောင်က ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များနှင့် ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းများအား ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ လယ်ဝေးမြို့၊ မူလတန်းလွန်(ဗဟို)ကျောင်းမှ ကျောင်းသား၊ကျောင်းသူ (၁၀)ဦးတို့က ပုံပြင် ခေါင်းစဉ်အမျိုးမျိုးဖြင့် ပြိုင်ပွဲဝင်ခဲ့ကြသည်။
Jan 19,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့ မွန်းလွဲ (၁) နာရီက Online မှတစ်ဆင့် အသိပညာပေးဟောပြောပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
Jan 19,2022
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒက္ခိဏခရိုင်ရုံး လူထူအခြေပြုဗဟိုဌာန (Community Centre) တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့် ကာယပညာ ဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့ နံနက်ပိုင်းတွင် ကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း အားကစားလှုပ်ရှားမှု Physical Fitness Dance သရုပ်ပြခြင်းအား Online မှ တင်ဆက်ရန်အတွက် ဇမ္ဗူသီရိမြို့နယ်၊ အမှတ် (၃) အခြေခံပညာအလယ်တန်းကျောင်း သမီးငယ်လေးများက Physical Fitness Dance သရုပ်ပြကပြခြင်းကို  ရိုက်ကူးခြင်းများ ဆောင်ရွက်ခဲ့သည်။
Jan 19,2022
ပြည်ထောင်စုနယ်မြေ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လယ်ဝေးမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ယမန်နေ့ နံနက် (၁၀)နာရီက Book Club နှင့် စာပေဝါသနာရှင်များ ပူးပေါင်း၍ စာရေးဆရာ ဒေါက်တာမြင့်သန်း (ညောင်လေးပင်) ၏ “မင်္ဂလာပါခင်ဗျာ နှင့် အတွေး ရသစာစုများ” စာအုပ်အား စာဖတ်ဝိုင်းကျင်းပခဲ့သည်။
Jan 19,2022
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့တွင် တစ်နိုင်တစ်ပိုင် ဟင်းသီးဟင်းရွက် စိုက်ပျိုးသည့် တောင်သူများအနေ ဖြင့် မိသားစုအပိုဝင်ရရှိပြီး အဆင်ပြေလျက်ရှိကြောင်း ကော့ကရိတ်မြို့၊ အမှတ် (၄)ရပ်ကွက်နေ တောင်သူဦးမင်းခိုင်ထံမှ သိရသည်။
Jan 19,2022
အနာဂတ် မျိုးဆက်သစ်ကျောင်းသား၊ ကျောင်းသူများ စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်နှင့် အသိပညာဗဟုသုတများ တိုးပွားရရှိလာစေရန် ရည်ရွယ်၍ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက် ၁၀ နာရီအချိန်ခန့်က အလယ်တန်းအဆင့် စကားပုံဆက်ပြိုင်ပွဲ‌ ‌ဆောင်ရွက်ခဲ့သည်။
Jan 19,2022
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့၌ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများက ယနေ့နံနက် ၉ နာရီက ကျိုက်ဒုံမြို့ အမှတ် (၄) ရပ်ကွက်၌ ဒေသနေ ပြည်သူများအား ပိုးကရင်ဘာသာ၊ စကောကရင်ဘာသာ၊ မြန်မာဘာသာဖြင့် ကိုဗစ်-၁၉ ဗီဇပြောင်း မျိုးကွဲအိုမီခရွန်(omicron) ရောဂါပိုးများကို သတိပြုကာ ကြိုတင်ကာကွယ်နိုင်စေရေးအတွက် အသိပညာပေး နှိုးဆော်မှုများ ဆောင်ရွက်ခဲ့သည်။