နယ်ရုံးများ၏သတင်းများ

Jan 23,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ဝန်ထမ်းများနှင့် စာပေဝါသနာရှင်များ ပူးပေါင်းကာ စာဖတ်သည့်အလေ့အထများရရှိစေရန်နှင့် စာပေဗဟုသုတများ နှီးနှောဖလှယ်နိုင်စေရန် ရည်ရွယ်ကာ စာဖတ်ရှိန်မြှင့်တင် ရေး စာဖတ်ဝိုင်းကို ယမန်နေ့နံနက် ၁၀း၀၀ နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်သည်။
Jan 23,2022
မကွေးတိုင်းဒေသကြီး သရက်ခရိုင်၊ အောင်လံမြို့နယ်၌ (၇၅)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာ ဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့နံနက်(၉) နာရီက Community Centre ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
Jan 23,2022
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်ရှိ (Community Centre) ခန်းမတွင် (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ယမန်နေ့ မွန်းလွဲ ၂ နာရီက စက္ကူခေါက်ပြိုင်ပွဲနှင့် စကားပုံဆက်ပြိုင်ပွဲကို ကျင်းပသည်။
Jan 23,2022
(၇၅)နှစ်မြောက်စိန်ရတုပြည်ထောင်စုနေ့ အကြိုအထိမ်းအမှတ်အဖြစ် ကော့သောင်းခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ယမန်နေ့နံနက်ပိုင်းက မေတ္တာကြေးမုံပရဟိတကျောင်းမှ ကျောင်းသားကျောင်းသူများ အား အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင် ဓာတ်ပုံပြပွဲပြုလုပ်ကျင်းပသည်။
Jan 22,2022
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ် ကျေးရွာအုပ်စု ငါန်းဇွန်မြို့အခြေခံပညာအထက်တန်း ကျောင်း၌ ယမန်နေ့နံနက် ၉နာရီခွဲ အချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား ကျောင်းသူများ အား အသိပညာပေးဆွေးနွေးဟောပြောပွဲ ကျင်းပသည်။
Jan 22,2022
ရခိုင်ပြည်နယ် ရသေ့တောင်မြို့၌ ကျောင်းသား၊ ကျောင်းသူကလေးငယ်များအနေဖြင့် အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးချ တတ်စေရန်နှင့် ကာယဉာဏဖွံ့ဖြိုးတိုးတက်စေရေး မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအား ပျော်ပွဲရွှင်ပွဲများ ကျင်း ပပေးခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်သည်။
Jan 22,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန Community Centre ခန်းမတွင် ယနေ့ နံနက် ၁၀ နာရီအချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကျောက်မဲမြို့နယ် မီးသတ် ဦးစီးဌာနတို့ ပူးပေါင်း၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအသိပညာပေး Talk Show ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။