မလှိုင် ဧပြီ ၂၆
မလှိုင်မြို့နယ်၊ ရွာသစ်ကျေးရွာအုပ်စုတွင် စိုက်ပျိုးထားသော ရွှေတောင်-၁၀ ချည်မျှင်ရှည်ဝါ အထူးဇုံ စံပြကွက် အောင်မြင်ဖြစ်ထွန်းနေမှုကို ယနေ့ နံနက်(၉)နာရီတွင် တာဝန်ရှိသူများမှ ကွင်းဆင်းစစ် ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ အထူးဇုံ စံပြကွက်တွင် ရွှေတောင်-၁၀ ချည်မျှင်ရှည်ဝါ မျိုးကို တောင်သူ(၄၃ )ဦး၊ (၅၀)ဧက စိုက်ပျိုးထားရှိပြီး စိုက်ပျိုးချိန်(၂)လအတွင်း အောင်မြင်ဖြစ်ထွန်းနေမှုအား ခရိုင်စိုက်ပျိုးရေးညှိနှိုင်း အဖွဲ့ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ဦး၊ မြို့နယ်စိုက်ပျိုးရေးညှိနှိုင်းအဖွဲ့ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့် အဖွဲ့တို့မှ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီးနောက် တောင်သူများနှင့်တွေ့ဆုံ ဆွေးနွေးခဲ့သည်။ ထို့နောက် မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးစန်းယုမှ ချည်မျှင် ရှည်ဝါ စိုက်ပျိုးထား ရှိမှုအခြေအနေအား ရှင်းလင်းဆွေးနွေးခဲ့ပြီးနောက် တောင်သူများ၏ တင်ပြချက်များကို ဌာနဆိုင်ရာများမှ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အောင်ဌေး(မလှိုင်)