ဒဂုံအရှေ့ မေ ၃
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ်(အရှေ့ပိုင်း)ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် စာရေးဆရာကြီး လူထုစိန်ဝင်း၊ အောင်သင်းအစရှိသည့် ကလောင်စုံရေးသားထားသော "လူငယ်နှင့်ဘဝတန်ဖိုး"စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက်ပိုင်း၁၀နာရီအချိန်က ကျင်းပြုလုပ်ခဲ့သည်။
ရှေ့ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူးဒေါ်အေးမဉ္ဇူက စာဖတ်ဝိုင်းများအားပြည်သူများ စာပေဖတ်ရှု မှုများပြား လာစေရန် ပြည်သူစာကြည့်တိုက်များဖြင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန် ယနေ့စာဖတ်ဝိုင်းမှာ youth club အဖွဲ့ဝင်လူငယ်များနှင့် ကျောင်းသား/ သူများအား နွေရာသီအားလပ်ရက်များတွင် စာပေဖတ်ရှုသည့် အလေ့အကျင့်ဖြစ်စေရန် ရည်ရွယ်၍လူငယ်များဖြင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ် ရခြင်းဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။
၎င်းနောက်စာဖတ်ဝိုင်းသို့ တက်ရောက်လာသော လူငယ်များအား လူငယ်နှင့် ဘဝတန်ဖိုးစာအုပ်မှ ထုတ်နုတ်၍လူဘဝ၏ အသက်အပိုင်းအခြား အရွယ်အမျိုးမျိုးရှိရာ လူငယ်ဘဝကာလ အပိုင်းအခြားအား လူတိုင်းနှစ်သက်တန်ဖိုးထားကြရန် လိုအပ်ကြောင်း၊ လူတန်ဖိုးဟုဆိုရာဝယ် လူငယ်ဘဝအကြောင်းဖြစ်တည်မှု လူငယ်ဟုသက်မှတ်ခေါ်ဝေါ်ရခြင်းမှာ "နုပျိုမှု"အချက်ကြောင့်ဖြစ်သည် အကြောင်း၊ ကျွန်တော်တို့၏ အနာဂတ် အစရှိသည့် အကြောင်းအရာများကို အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဝင်းအိမွန်(ဒဂုံအရှေ့)