မိတ္ထီလာမြို့နယ် လျှော်ဖြူကန်ကျေးရွာရှိ လူနေအိမ်တစ်လုံး လေပြင်းတိုက်ခတ်မှုကြောင့် ခေါင်မိုးလန်ပျက်စီး

မိတ္ထီလာ မေ ၃

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ် လျှော်ဖြူကန်ကျေးရွာတွင် ယမန်နေ့ ညနေ ၃ နာရီ ၃ဝ မိနစ်ခန့် အချိန်က လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်တစ်လုံး အိမ်ခေါင်မိုးလန်ပျက်စီးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ယမန်နေ့ ညနေ ၃ နာရီ ၃ မိနစ်ခန့်အချိန်က လေပြင်းတိုက်ခတ်မှုကြောင့် လျှော်ဖြူကန်ကျေးရွာတွင် နေထိုင်သူ  ဦးရဲအောင် ၄၁ နှစ်၏ သွပ်မိုး၊ ထရံကာ လူနေအိမ်ရှိ အိမ်ခေါင်မိုးတွင် မိုးထားသော သွပ်ပြား ၁၁ ချပ်အမိုးလန်သွားခဲ့ပြီး ၅ ချပ်မှာ ပြန်လည်အသုံးမရအောင် ပျက်စီးသွားခဲ့သည်။ အဆိုပါ လေပြင်းတိုက်ခတ်မှုကြောင့် လူနှင့် တိရစ္ဆာန်များ ထိခိုက်သေဆုံးဒဏ်ရာရရှိမှု မရှိဘဲ ပျက်စီးသွားသော နေအိမ်အား ပြန်လည်ပြုနိုင်ရေးအတွက် တာဝန်ရှိသူများ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ချမ်းသာ