ညောင်ဦး မေ ၃
၂၀၂၂ ခုနှစ် မေလ ၅ရက်နေ့တွင်ကျရောက်မည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြု သောအားဖြင့် ညောင်ဦးခရိုင် /မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ စုပေါင်းကာ ယနေ့နံနက် ၁၁နာရီ အချိန်ခန့်က ညောင်ဦးမြို့ ဝက်ကြီးအင်းရပ်ရှိ နဂါးကျစ်ဘိုးဘွားရိပ်သာရှိ အဘိုးအဘွားများအား အာဟာရဒါနလှူဒါန်းကျွေးမွေးခဲ့ကြောင်းသိရသည်။
(၇၆)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အား ဂုဏ်ပြုကြိုဆိုသောအားဖြင့် ညောင်ဦးခရိုင် မီးသတ်ဦးစီးမှူး ဦးထက်အောင်၊(လက်ထောက်ညွှန်ကြားရေးမှူး)နှင့်ခရိုင် မိသားစုစည်းရုံးရေး နှင့်စည်းကမ်းထိန်းသိမ်းရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်ယုယုနိုင်၊ ညောင်ဦး မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်မင်းသူ(ဦးစီးအရာရှိ)၊ မြို့နယ်မိသားစု စည်းရုံးရေးနှင့်စည်း ကမ်းထိန်းသိမ်းရေး ကော်မတီ ဥက္ကဋ္ဌ ဒေါ်ယုဝါလှိုင်တို့ ဦးဆောင်မှုဖြင့် ခရိုင်/မြို့နယ်မီးသတ် ဝန်ထမ်းများသည် ဆရာတော်အရှင်သူမြတ်ထံမှ ရှစ်ပါးသီလ ခံယူဆောက်တည်ကြပြီး နဂါးကျစ်ဘိုးဘွား ရိပ်သာရှိ အဘိုးအဘွားများအား အာဟာရဒါန နေ့ခင်းစာအာဟာရလှူဒါန်းခဲ့ကြောင်း သိရသည်။
ကိုထိန်၊KPD