ရေတာရှည် မေ ၃
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တွင် အခြေခံမြန်မာ့သိုင်းသင်တန်း (အခမဲ့) သင်တန်းဆင်းပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ယနေ့နံနက် (၁၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
အခြေခံမြန်မာ့သိုင်းပညာ သင်တန်းဆင်းပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးဆုစံမှ အမှာစကား ပြောကြားခဲ့ပြီး သင်တန်းသားများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့သည်။ ထို့နောက် သင်တန်းတွင် ထူချွန်ဆုရရှိသူများအား သင်တန်းနည်းပြဆရာများက ဆုများကို အသီးသီးချီးမြှင့်ကာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ကြူကြူခိုင်က နည်းပြဆရာများအား အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့သည်။
အဆိုပါသင်တန်းကို ဧပြီလ ၂၀ ရက်နေ့မှ မေလ ၃ ရက်နေ့အထိ (၁၄) ရက်ကြာ အခမဲ့ ဖွင့်လှစ်ခဲ့ပြီး သင်တန်းသား (၂၀) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ရေတာရှည်