တောင်ဥက္ကလာပ မေ ၆
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် ပြည်သူများအား ယာဉ်တိုက်မှုအန္တရာယ်မှ ကင်းရှင်းစေရေး၊ ယာဉ်စည်းကမ်းလမ်း စည်းကမ်းလိုက်နာစေရေးအတွက် ယမန်နေ့ နံနက် (၁၀:၃၀) အချိန်က အမှတ် (၁၄) ရပ်ကွက်၊ သံသုမာလမ်း Max စက်သုံးဆီဆိုင်အနီး၊ အမှတ် (၄) ရပ်ကွက်၊ သုမင်္ဂလာလမ်း၊ နန္ဒဝန်ဈေးရှေ့တို့တွင် ယာဉ်စစ်ဆေးခြင်း ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ယာဉ်များသွားလာမှုများပြားသည့် မြို့နယ်အတွင်းရှိ သံသုမာလမ် Max စက်သုံးဆီ ဆိုင်အနီးနှင့် သုမင်္ဂလာလမ်းတို့တွင် ယာဉ်တိုက်မှု မဖြစ်ပွားစေရန်၊ ယာဉ်အန္တရာယ် ကင်းရှင်းစေရန်အတွက် မြို့နယ်မော်တော်ယာဉ် စစ်ဆေးအရေးယူရေးဆပ် ကော်မတီ ဥက္ကဋ္ဌ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ် ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်ယာဉ်ထိန်းတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာ ဝန်ထမ်းများနှင့် မြို့နယ် မီးသတ်တပ်ဖွဲဝင်များ ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိပြီး လူစည်ကားရာနေရာဖြစ်သည့် သုမင်္ဂလာလမ်း နန္ဒဝန်စျေး ရှေ့တွင်လည်း စျေးဝယ်သူ၊ ခရီးသွားပြည်သူများ ယာဉ်အန္တရာယ်ကင်းရှင်းစေရေးနှင့် ယာဉ်လမ်းရှင်းလင်းစေရေးအတွက် ဆောင်ရွက် ပေးလျက်ရှိကြောင်း သတင်းရသည်။
ခင်ဆွေနှင်း(ပြန်/ဆက်)