နယ်ရုံးများ၏သတင်းများ

May 06,2022
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre တွင် စာပေချစ်သူများ စာအုပ်စာပေများကို ချစ်မြတ်နိုးတတ်စေပြီး စာပေလေ့လာဖတ်ရူ့သည့် အလေ့အကျင့် ကောင်းများရရှိစေရန်၊ အချင်းချင်းစာပေနှီးနှော ဖလှယ်တက်စေရန် ရည်ရွယ်၍ ယမန်နေ့ မွန်းလွဲ (၁) နာရီအချိန်က စာရေးဆရာ နန္ဒာသိန်းဇံပါ စာရေးဆရာ (၅) ဦးအောင်သင်းရေးသားသည့် “ လူငယ်များသို့မင်္ဂလာပါ ” စာအုပ်အား စာဖတ်ဝိုင်းကျင်းပ ပြုလုပ်ခဲ့သည်။
May 06,2022
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ၏လမ်းညွှန်မှုဖြင့် ပေါက်ခေါင်းမြို့နယ်၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်  မြင့်မားရေးအတွက် နည်းပညာပေး‌ ဆွေးနွေးပွဲများကို ကျေးရွာအရောက်ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၉ နာရီက ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦး‌ဇော်ဇော်ဦးနှင့်ဌာနဆိုင်ရာများက ကြိုးကြာကျေးရွာသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
May 06,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ် နိုင်​ရေး၊ မျိူးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါများ မပြန့်ပွားစေရန်အတွက် မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို ရပ်ကွက်များအတွင်း လှည့်လည်ထိုးနှံပေးလျက်ရှိရာ ယနေ့ နံနက် ၉နာရီက ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
May 06,2022
ပဲခူးတိုင်းဒေသကြီးသာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင်ယနေ့နံနက်ပိုင်းက မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ လက်ပံတန်းမြို့နယ်အတွင်း သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိပ်နင်းရေး လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
May 06,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပုဗ္ဗသီရိမြို့နယ် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်တို့က စာရေးဆရာလှသမိန် ရေးသားထားသည့် "လူ့စိတ် လူ့မနော" စာအုပ်အား စာဖတ်ဝိုင်းပြုလုပ်ခြင်းကို ယနေ့နံနက်ပိုင်းက ပုဗ္ဗသီရိမြို့နယ် ပြည်သူ့စာကြည့်တိုက်၌ ကျင်းပခဲ့သည်။
May 06,2022
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှ ပြည်သူများစာပေဖတ်ရှုမှု ပိုမိုမြင့်မားလာစေရန် ရည်ရွယ်၍ ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်များငှားရမ်းဝန်ဆောင်မှုပေးခြင်းကို ယနေ့ နံနက်ပိုင်းက မြို့မရပ်ကွက်သို့သွားရောက် ဆောင်ရွက်ပေးခဲ့သည်။
May 06,2022
မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ် လူထု အခြေပြု ဗဟိုဌာန Community Centre ခန်းမတွင် “ကလေးသူငယ် အခွင့်အရေးနှင့် ကလေးအလုပ်သမားပပျောက်ရေး” Talk Show ကို ယနေ့နံနက် (၉)နာရီက ကျင်းပပြုလုပ်ခဲ့သည်။
May 06,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့တွင်  လူငယ်ရေးရာအသိပညာပေးဆွေးနွေးပွဲ (Talk Show)ကို ယနေ့ နံနက်(၁၀) နာရီ အချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  လူထုအခြေပြုဗဟိုဌာန Community Centre ရုံးခန်း၌ ပြုလုပ် ဆောင်ရွက်ခဲ့ပါသည်။