ဒေါပုံ မေ ၆
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ် နိုင်ရေး၊ မျိူးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါများ မပြန့်ပွားစေရန်အတွက် မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို ရပ်ကွက်များအတွင်း လှည့်လည်ထိုးနှံပေးလျက်ရှိရာ ယနေ့ နံနက် ၉နာရီက ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ ဆေးထိုးနှံရာတွင် အသက် (၁၈) နှစ်အထက်ပြည်သူများ အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေးမထိုးနှံရသေးသော ပြည်သူများကို ဒေါပုံမြို့နယ် အ-ထ-က(၁)ကျောင်းတွင် မြို့နယ်ကျန်းမာရေးဝန်ထမ်းများက Covid Shield ကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်း သိရ သည်။
ထိုသို့ ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ပရဟိတအဖွဲ့ဝင်များက သွေးပေါင်ချိန်များ တိုင်းတာပေးခြင်း၊ အပူချိန်များ တိုင်းတာပေးခြင်း စသည့် ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များအား လိုက်နာဆောင်ရွက်ပြီး အသက် (၁၈)နှစ်အထက်ပြည်သူ စုစုပေါင်း (၅၀)ဦးကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
သူဇာဝင်း(ပြန်/ဆက်)