နောင်ချိုမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)၌ စာဖတ်ဝိုင်းဆွေးနွေး

နောင်ချို မေ ၆

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦး စီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) နှင့် (Youth Club)တို့ ပူးပေါင်း၍ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ယနေ့ နံနက်ပိုင်းက ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ဦးစီးအရာရှိ ဒေါ်သန်းသန်းထွေးက ဒေသခံပြည်သူများအနေဖြင့် စာပေဖတ်ရှု့သည့်အ လေ့အကျင့်ကောင်းများရှိစေရေး၊ အသိပညာဗဟုသုတများ မျှဝေနိုင်ရေးနှင့် စာပေချစ်မြတ်နိုးသူများ ချစ်ခင် ရင်းနှီးမှုရရှိစေရေး ရည်ရွယ်၍ စာဖတ်ဝိုင်းဆောင်ရွက်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီး စာအုပ်စာစောင်ချစ် မြတ်နိုးသူများအသင်း(Book Club)ဥက္ကဋ္ဌ ဦးပေါင်ခန့်လန်၊ (Book Club)အဖွဲ့ဝင် ဦးတင်အောင်သိန်း၊ (Youth Club)အဖွဲ့ဝင် ဒေါ်ရွှေဇင်ဦးတို့က စာရေးဆရာ ဦးချစ်နိုင်(စိတ်ပညာ)၏ စာကောင်းပေကောင်းရဲ့အရသာ စာအုပ်ပါ အကြောင်းအရာများနှင့် ပတ်သက်၍ ၎င်းတို့၏ အတွေး အမြင်၊ အသိများကို အသီးသီးအပြန်အလှန်ဆွေးနွေးခဲ့ကြသည်။

စာဖတ်ဝိုင်း ဆွေးနွေးပွဲကို ဖွဲ့စည်းထားသော Club အဖွဲ့များနှင့်လည်းကောင်း၊ စာပေဝါသနာ ရှင်များနှင့်လည်းကောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)၌ လစဉ်ပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ထွေးငယ်၊နောင်ချို (ပြန်/ဆက်)