ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်ရပ်ကွက်/ကျေးရွာ စာကြည့်တိုက်များအတွက် စာအုပ်စာစောင်များ လှူဒါန်းပွဲကျင်းပ

ဒဂုံအရှေ့ မေ ၆

‌ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ‌ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ရပ်ကွက်/ ကျေးရွာစာကြည့်တိုက်များအတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ လှူဒါန်းထားသော စာအုပ်/စာစောင်များကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာစာကြည့်တိုက်များသို့ ပြန်လည် ပေးပ် လှူဒါန်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်း ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အခမ်းအနားတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးလှစိုး ကအဖွင့်အမှာစကားပြောကြားရာတွင် ရပ်ကွက်/ကျေးရွာများရှိ စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြို့တိုးတက်ရေး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ယခုစာကြည့်တိုက်များအတွက် အဓိကဖြစ်သော စာအုပ်များအား ရန်ကုန်တိုင်းဒေသကြီး အစိုးရ၏ လှုဒါန်းပေးမှုအပေါ် ရန်ကုန်တိုင်း/ခရိုင်/ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနမှ ပူးပေါင်းဆောင်ရွက်မှုဖြင့် လက်ခံရရှိသည့်အတွက် ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် စာကြည့်တိုက်ကြီးကြပ်ရေး ကော်မတီတို့မှမိမိတို့ ရပ်ရွာပြည်သူများ ဖတ်ရှုခွင့်ရရန်နှင့် စာပေဖတ်ရှုခြင်းဖြင့် ရရှိမည်အကျိုးကျေးဇူးများ အကြောင်းရှင်းလင်း ပြောကြားပြီးနောက် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမြို့နယ် ဦးစီးမှူး မှ စာအုပ်စာစောင်များ လှုဒါန်းပေးအပ်မှုနှင့်ပက်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

ယင်းနောက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှစိုး၊ မြို့နယ်စာကြည့်တိုက် ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ၊ ဦးလှဆန်း၊ အတွင်းရေးမှူးအဖြစ် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဒေါ်ဝင်းအိမွန်တို့က စာအုပ်စာစောင်များ ပြန်လည်လှုဒါန်းပေးအပ်ခဲ့ရာ ရပ်ကွက်/ကျေးရွာစာကြည့်တိုက် များကြီးကြပ်ရေးကော်မတီမှ တာဝန်ရှိသူအသီးသီးတို့က လက်ခံရယူခဲ့ကြသည်။

ဆက်လက်၍ အမှတ် ၁ ရပ်ကွက် ရောင်ခြည်သစ်စာကြည့်တိုက် ကော်မတီ အတွင်းရေး မှူးမှ   စာကြည့်တိုက်များအတွက် စာအုပ်စာ‌စောင် များများလှုဒါန်းသည့်အတွက် ဝမ်းသာ၍ ကျေးဇူးတင်ရှိကြောင်း လက်ခံရရှိသော သုတရသစာပေများကို လူကြီးလူငယ်မရွေးလာ‌ရောက်အခမဲ့ ဖတ်ရှုနိုင်ရန် စီစဉ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အခမ်းအနားသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ် စာကြည့်တိုက်ကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စာရေးဆရာအသင်း၊ ရပ်ကွက်/ကျေးရွာ စာကြည့်တိုက်(၉)တိုက်၏ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် စာကြည့်တိုက်မှူးများ၊ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြောင်း