သာယာဝတီ မေ ၁၀
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့၌ ကျေးရွာစာကြည့်တိုက်များ ရှင်သန်ရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့ နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် သာယာဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မျိုးမျိုးခိုင်နှင့် ဝန်ထမ်းများက နွယ်ခွေကျေးရွာရှိ ဖိုးရာဇာစာကြည့်တိုက်နှင့် ကံကလေးကျေးရွာရှိ ပညာအလင်းစာကြည့်တိုက်များသို့ ကွင်းဆင်း၍ စာကြည့်တိုက်များ လေဝင်လေထွက် ကောင်းမွန်စေရန် ပြတင်းတံခါးများ ဖွင့်ထားရေး၊ စာအုပ်စာစောင်များ ပျောက်ဆုံးပျက်စီးမှုမရှိစေရေး၊ သုတ၊ ရသစာအုပ်များ အသစ်ထပ်မံ ဖြည့်တင်းနိုင်ရေးနှင့် ကျေးရွာစာကြည့်တိုက်များ သန့်ရှင်းသာယာလှပရေးအတွက် ကျေးရွာ စာကြည့်တိုက်မှူးများအား မှာကြားခဲ့ကြောင်း သိရသည်။
သန့်ဇော် (ပြန်/ဆက်)