ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကာယစွမ်းရည်နှင့် ဉာဏစွမ်းရည် မြင့်မားစေရေး ဆောင်ရွက်

ရန်ကင်း မေ ၁၀

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်အတွင်းရှိ  ကျောင်းသားလူငယ် လူရွယ်လေးများ၏ ကာယ၊ ဉာဏ၊ စာရိတ္တစွမ်းရည်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်နှင့် ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်လိုသည့် အလေ့အကျင့်ကောင်းများ ရရှိနိုင်စေရန်ရည်ရွယ်၍ ယနေ့ နံနက် ၉:၃၀ နာရီမှ စတင်ကာ တစ်ဦးချင်း  လုပ်ဆောင်နိုင်မှု များကို မှတ်တမ်းတင်၍ ယှဉ်ပြိုင်ခြင်းတို့ကို ပြုလုပ်ခဲ့ကြသည်။

ရန်ကင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ လူငယ်လူရွယ်လေးများ အသိဉာဏ်ပညာ ဖွံ့ဖြိုးတိုးတက်ပြီး ကိုယ်ပိုင်စွမ်းဆောင်နိုင်သည့် အရည်အသွေးများပြည့်ဝစေရန် မိမိတို့ဦးစီးဌာနမှ ပြိုင်ပွဲများကို စဉ်ဆက်မပြတ် ပြုလုပ်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

အဆိုပါ ပြိုင်ပွဲများကို ကျောင်းသားလူငယ်လေးများမှ စိတ်အားထက်သန်စွာ ပါဝင်ယှဉ်ပြိုင်လျက်ရှိရာ  ကိုဗစ်-၁၉ ရောဂါ ကြိုတင်တားဆီးကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကင်းမြို့နယ်ရုံးမှ မြို့နယ်ဦးစီးမှူး ဒေါ်အိရွှေစင်က ကျောင်းသားလူငယ်လေးများ ကာယ၊ ဉာဏ၊ စွမ်းရည်ဖွံ့ဖြိုးမှ သာနောင်တစ်ချိန်တွင် ရည်မှန်းရာပန်းတိုင်သို့ ရောက်ရှိ ခံစားနိုင်မည်ဖြစ်ကြောင်း ပြိုင်ပွဲများကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ ပြိုင်ပွဲအား ကျင်းပရာ ဆုရရှိသူများအား မြို့နယ်တာဝန်ခံများမှ ကလေးများအား ပြိုင်ပွဲများတွင် ပါဝင် ယှဉ်ပြိုင်လိုသည့် အလေ့အကျင့်မှ အလေ့အထကောင်းများရရှိစေရန် ဆုများကိုအသီးသီး ပေးအပ်ခဲ့ကြောင်း သတင်း ရသည်။

အိရွှေစင်( ပြန်/ဆက်)