မယ်စဲ့မြို့နယ်တွင် အိမ်ထောင်စုလူဦးရေစာရင်းမြေပြင်ကွင်းဆင်းကောက်ယူ

မယ်စဲ့ ဇန်နဝါရီ ၉

ကယားပြည်နယ်၊ မယ်စဲ့ခရိုင်၊ မယ်စဲ့မြို့နယ်တွင် လူဦးရေစာရင်းမှန်ကန်စေရေးတွက် အိမ်ထောင်စုလူဦးရေစာရင်း မြေပြင်ကွင်းဆင်းကောက်ယူခြင်းကို ယနေ့နံနက်ပိုင်းက တောင်ပိုင်းရပ်ကွက်၌ စတင်ကောက်ယူလျက်ရှိကြောင်း သိရသည်။

ထိုသို့စာရင်းကောက်ယူရာတွင် မြို့နယ် Working Group မြေပြင်ကွင်းဆင်းကောက်ယူရေး ကော်မတီကကြီးကြပ်၍ မြေပြင်တစ်အိမ်တက်တစ်အိမ်ဆင်း ကွင်းဆင်းကောက်ယူရေးအဖွဲ့က အိမ်ထောင်စုလူဦးရေစာရင်းများ တိုက်ဆိုင်စစ်ဆေးခြင်း၊ စာရင်းဇယားအချက်အလက်များ ပြည့်စုံ မှန်ကန်စွာ ဖြည့်သွင်းခြင်းတို့ကို တစ်အိမ်တက်ဆင်း ကွင်းဆင်းဆောင်ရွက်ခဲ့ပြီး သတ်မှတ် ကာလအတွင်း အချိန်မီပြီးစီးရေးအတွက် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးအဖွဲ့နှင့်အတူ ပြည်သူလူထူမှ ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ဝတ်ရည်(မယ်စဲ့)