(၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို အားကစားပြိုင်ပွဲကျင်းပ
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်၊ မြောက်ပိုင်းရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်းတွင် (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့အကြိုကျောင်းတွင်း ဘောလုံးကန်ပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ ပြေးခုန်ပစ်အားကစားပြိုင်ပွဲများကို ယမန်နေ့နံနက်(၉)နာရီက အဆိုပါကျောင်း၀န်းအတွင်း၌ ကျင်းပခဲ့သည်။