ဖားဆောင်းမြို့နယ် တောင်ပိုင်းရပ်ကွက်၌ အိုမီခရွန်မျိုးရိုးဗီဇပြောင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးနှင့် ကိုဗစ်-၁၉ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံရေး အသိပညာပေးနှိုးဆော်
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်တွင် အိုမီခရွန်မျိုးရိုးဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် သတိပြုနိုင်ကြစေရန်နှင့် ကိုဗစ်-၁၉ ကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံရေးအတွက် အသိပညာပေးနှိုးဆော်ခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနနှင့် စေတနာ့ဝန်ထမ်းများက ယနေ့နံနက်(၈)နာရီ အချိန်က တောင်ပိုင်းရပ်ကွက်၌ အသိပညာပေး နှိုးဆော်ခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။