ဖားဆောင်း ဇန်နဝါရီ ၉
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်တွင် မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်းကောက်ယူရေးအဖွဲ့ (Working Group)များမှ အိမ်ထောင်စုလူဦးရေစာရင်း မြေပြင်ကွင်းဆင်းကောက်ယူခြင်းကို ယနေ့နံနက်ပိုင်းမှစတင်၍ တောင်ပိုင်းရပ်ကွက်နှင့်မြောက်ပိုင်းရပ်ကွက်အတွင်း ကောက်ယူခဲ့ရာ မြို့နယ်မြေပြင်ကွင်းဆင်းကောက်ယူရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်မြင့်ဦးနှင့်အဖွဲ့ဝင်များက ကြည့်ရှုခဲ့ကြောင်း သိရသည်။
မြို့နယ်အတွင်းရှိ မြေပြင်တစ်အိမ်တက်ဆင်းကွင်းဆင်းကောက်ယူရေးအဖွဲ့ (Working Group) များမှ အိမ်ထောင်စုလူဦးရေစာရင်းမြေပြင်ကွင်းဆင်းကောက်ယူမှုကို မြို့ပေါ်ရပ်ကွက်များဖြစ်သည့် တောင်ပိုင်းရပ်ကွက်နှင့်မြောက်ပိုင်းရပ်ကွက်တို့၌ အဖွဲ့(၄)ဖွဲ့ခွဲ၍ကောက်ယူလျက်ရှိကြောင်း သိရသည်။
ဖားဆောင်းမြို့နယ်တွင် အိမ်ထောင်စုလူဦးရေစာရင်း မြေပြင်တစ်အိမ်တက်ဆင်းကွင်းဆင်းကောက်ယူရေးအဖွဲ့ (Working Group)များမှ ဇန်နဝါရီလ ၉ ရက်နေ့မှ ၃၁ ရက်နေ့ထိ စာရင်းများကောက်ယူသွားမည်ဖြစ်ကြောင်းနှင့် အဆိုပါစာရင်းကောက်ယူနေမှုကို မြို့နယ်မြေပြင်စာရင်းကွင်းဆင်းကောက်ယူရေးဆိုင်ရာ လုံခြုံရေးကော်မတီအတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူး ကျော်ထင်နှင့်တပ်ဖွဲ့ဝင်များမှ လုံခြုံရေးလိုက်ပါဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
နန်းသဲနုအောင်(ပြန်/ ဆက်)