ဖား​ဆောင်းမြို့နယ် ဝမ်​အောင်းကယား​ကျေးရွာ အလယ်တန်း​ကျောင်း၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာ​ရေးစုံညီပွဲ​တော်နှင့်ကာယ၊ ဉာဏ ထူးချွန်ဆုများ​ပေးအပ်ချီးမြှင့်

ဖား​ဆောင်း ဇန်နဝါရီ ၉

ကယားပြည်နယ်၊​ ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ်၊ ဝမ်​အောင်းကယား​ကျေးရွာ အလယ်တန်း​ကျောင်းတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာ​ရေးစုံညီပွဲ​တော်နှင့် ကာယဉာဏထူးချွန်ဆုများ​ပေးအပ်ပွဲအခမ်းအနားကို ယမန်​နေ့က ဝမ်​အောင်းကယား​ကျေးရွာအ​ခြေခံပညာအလယ်တန်း​ကျောင်း​ရှေ့၌ ကျင်းပခဲ့သည်။

အခမ်းအနားကို ဝမ်​အောင်းကယား​ကျေးရွာ အ​ခြေခံပညာအလယ်တန်း​ကျောင်းမှ ​ကျောင်းသား၊​ကျောင်းသူများက မြန်မာ့​ကျောင်းသီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့ပြီး ​ကျောင်းအုပ်ဆရာကြီး ဦး​အောင်မြတ်သူမှ မိဘ/ ဆရာ​ကျောင်းသားများ စု​ပေါင်းညီညွတ်စွာကြိုးစား​ဆောင်ရွက်လိုစိတ်များကို မြှင့်တင်​ပေးခြင်းဖြင့်ပညာ​ရေးဖြင့်​ ခေတ်မှီဖွံ့ဖြိုးတိုးတက်​သောနိုင်ငံ​တော်ကြီးတည်​ဆောက်နိုင်ရန် ရည်ရွယ်၍ ယခုလိုစုံညီပွဲ​တော်ကို ကျင်းပပြုလုပ်ရခြင်းဖြစ်​ကြောင်း သြဝါဒစကား​ပြောကြားသည်။ ဆက်လက်၍ ​ကျောင်းအကျိုး​တော်​ဆောင်အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆုချီးမြှင့်ပွဲကျင်းပရခြင်းနှင့် ပတ်သက်၍​ ကျေးဇူးတင်စကား​ပြောကြားသည်။

ထို့​နောက် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် ဆုရရှိ​သော​ ကျောင်းသား၊​ ကျောင်းသူများ၊၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ၇၅ နှစ်​မြောက် စိန်ရတုလွတ်လပ်​ရေး​နေ့စာစီစာကုံးပြိုင်ပွဲ၊ ကဗျာပြိုင်ပွဲနှင့်အားကစားပြိုင်ပွဲများတွင် ဆုရရှိသူများ၊​ကျောင်းသားစံပြဆုရရှိသူ၊ ဆရာမစံပြဆုရရှိသူ၊ အသင်းလိုက်ဆုရရှိသည့်​​ ကျောင်းသား၊ ​ကျောင်းသူများအား ​ကျေးရွာအုပ်ချုပ်​ရေးမှူး ဦးသန်း​မောင်၊​ ကျောင်းအုပ်ဆရာကြီးနှင့်​ ကျောင်းအကျိုး​တော်​ဆောင်အဖွဲ့များက ဆုများ​ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

အစီအစဉ်ဒုတိယပိုင်းအ​နေဖြင့် ဝမ်​အောင်းကယား​ကျေးရွာ ​ကျောင်းသား၊​ ကျောင်းသူ အကအဖွဲ့များက အကအလှယိမ်းပ​ဒေသာများဖြင့် ဧည့်ခံ​ဖျော်ခဲ့ကြ​ကြောင်း သိရသည်။

နန်းသဲနု​အောင်(ပြန်/ ဆက်)