ဘောလခဲ ဇန်နဝါရီ ၁၁
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့နယ်တွင် မြေပြင်အခြေခံလူဦးရေစာရင်း မှန်ကန်စွာရရှိစေရေးနှင့် လူတစ်ဦးချင်းစီ၏ ကိုယ်ရေးအချက်အလက်များ ပြည့်စုံမှန်ကန်မှုရှိစေရေးအတွက် ယမန်နေ့နံနက်(၁၀:၀၀)နာရီက စတင်၍ သက်ဆိုင်ရာရပ်ကွက် ကောက်ကွက်များအလိုက် အိမ်ထောင်စုလူဦးရေစာရင်းများကို တာဝန်ရှိသူများက တစ်အိမ်တက်ဆင်းမြေပြင်ကွင်းဆင်းကောက်ယူလျက်ရှိသည်။
ကွင်းဆင်းကောက်ယူရာသို့ ရပ်ကွက် မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးကြီး ကြပ်မှုကော်မတီမှ တာဝန်ရှိသူများ လိုက်ပါဆောင်ရွက်လျက်ရှိပြီး မြေပြင်တစ်အိမ်တက်ဆင်း (Working Group) စာရင်းကောက်ယူခြင်း လုပ်ငန်းဆောင်ရွက်နေမှုများကို ခရိုင်မြေပြင်ကွင်းဆင်းစာရင်းကောက်ယူ ရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်စိုးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးတင်ထွဋ်အောင်နှင့်အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးသည်။
ဘောလခဲမြို့နယ်အတွင်း မြို့ပေါ်ရှမ်းပိုင်းရပ်ကွက်နှင့် ရှမ်းစုစည်းရပ်ကွက်တို့တွင် မြေပြင်စာရင်းကောက်ကွက် အိမ်ထောင်စုလူဦးရေစာရင်းများ မြေပြင်ကွင်းဆင်းကောက်ယူခြင်းကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြို့နယ် (ပြန်/ ဆက်)