မယ်စဲ့ မတ် ၃၁
ကယားပြည်နယ်၊ မယ်စဲ့ခရိုင်၊ မယ်စဲ့မြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါ အိုမီခရွန်နှင့် ၎င်း၏ မျိုးစိတ်အသစ်များကို ကူးစက်ဖြစ်ပွားမှုမရှိစေရေးအတွက် ရောဂါကာကွယ် ကုသ၊ ထိန်းချုပ် ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိရာ ရောဂါထိန်းချုပ်ရေးလုပ်ငန်းများ အောင်မြင်နိုင်ရေးအတွက် ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က တောင်ပိုင်းရပ်ကွက်၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ ပြည်သူများအနေဖြင့် အပြင်ထွက်တိုင်း ပါးစပ်နှင့် နှာခေါင်းစည်း (Mask)ကို စနစ်တကျ မပျက်မကွက်တပ်ဆင်ရန်၊ လက်တွင်ကပ်ပါလာသော ဗိုင်းရပ်စ်ပိုးကို ပျက်စီးစေရန်အတွက် လက်ကို ဆပ်ပြာနှင့်ရေကို အသုံးပြု၍ အနည်းဆုံးစက္ကန့် ၂၀ ကြာအောင် ဆေးကြောရန်၊ ကိုဗစ်ကာကွယ်ဆေး အကြိမ်ပြည့် ထိုနှံရန်နှင့် ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံ ပြီးစီးမှု ၆ လနှင့် အထက်ရှိသော ပြည်သူများအနေဖြင့် ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံရန်တို့ကို အသိပေးနှိုးဆော် ခဲ့ကြောင်း သိရသည်။
ဝတ်ရည်(မယ်စဲ့)