လွိုင်ကော်မူလတန်းကြိုကျောင်း၊ ကျောင်းဆင်းဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်းနှင့် ပဒေသာကပွဲပြုလုပ်

လွိုင်ကော် မတ် ၂၈

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ လွိုင်ကော်မူလတန်းကြိုကျောင်းခန်းမ၌ ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က ကျောင်းဆင်းဂုဏ်ပြု မှတ်တမ်းလွှာပေးအပ်ခြင်းနှင့် ပဒေသာကပွဲကို ပြုလုပ်ကျင်းပခဲ့သည်။

ရှေးဦးစွာ ကယားပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူးဦးအေးကျော်က အဖွင့်အမှာစကား ပြောကြားပြီး ပြည်နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူတို့က ရင်သွေးငယ်လေးများအား ကျောင်းဆင်း ဂုဏ်ပြုမှတ်တမ်းလွှာများကို ​အသီးသီးပေးအပ်ခဲ့သည်။

ထို့နောက် လွိုင်ကော်မူလတန်းကြိုကျောင်းမှ ရင်သွေးငယ်လေးများက တေးသရုပ်ဖော် အကပဒေသာများဖြင့် ကပြဖျော်ဖြေခဲ့ကြကြောင်း သိရှိရသည်။

ခရိုင်(ပြန်/ဆက်)