လွိုင်ကော် မတ် ၂၈
ကယားပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာနနှင့် ပြည်နယ်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်း၍ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာ သင်တန်းဆင်းပွဲကို ယမန်နေ့ ညနေ ၃ နာရီအချိန်က လွိုင်ကော်မြို့၊ လွိုင်ကော်မူလတန်းကြိုကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ကယားပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးအေးကျော်က အဖွင့်အမှာစကားပြောကြားပြီး ပြည်နယ်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးလင်းထွဋ်မိုးမှ သင်တန်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ သင်တန်းသို့တက်ရောက်လာကြသည့် သင်တန်းသူများအား ကယားပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူးနှင့် ပြည်နယ်အသေးစား စက်မှုလက်မှု လုပ်ငန်း ဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူးတို့က သင်တန်းဆင်းလက်မှတ်နှင့် သင်တန်းတွင်လက်တွေ့ သင်ကြားပြုလုပ်ခဲ့သည့် လူသုံးကုန်ပစ္စည်း (၉)မျိုးတို့ကို လက်ဝယ်အရောက် ပေးအပ်ခဲ့သည်။
ထို့နောက်သင်တန်းသူများကိုယ်စားသင်တန်းသူတစ်ဦးမှ ကျေးဇူးတင်စကားပြန်လည် ပြောကြား ခဲ့သည်။ အခမ်းအနားအပြီးတွင် တက်ရောက်လာကြသူများက သင်တန်းသူများကိုယ်တိုင် ပြုလုပ်ထားသည့် လူသုံးကုန်ပစ္စည်းများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရှိရသည်။
ခရိုင်(ပြန်/ဆက်)