လွိုင်ကော်မြို့၊ သာသနာ့ဗိမာန်တော်ကြီး၌ အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲများ ကျင်းပ

လွိုင်ကော်    မတ်

ကယားပြည်နယ် ၂၀၂၃ ခုနှစ်၊ အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲကို လွိုင်ကော်မြို့ သာသနာ့ဗိမာန်တော်ကြီး၌ ယနေ့ နေ့လယ် ၁၂ နာရီအချိန်က စတင်ကျင်းပပြုလုပ်ခဲ့ရာ ယနေ့တွင် ဓမ္မာစရိယ မြန်မာဂုဏ်ထူးတန်းဖြေဆိုသော သံဃာတော် ပါးအပါအဝင် စာဖြေသံဃာနှင့်သီလရှင် စုစုပေါင်း(၅၉)ပါး ဖြေဆိုကြသည်။ 

ဖြေဆိုသည့် ဘာသာရပ်နှင့်အတန်းမှာ  အခြေပြုမူလတန်းတွင်  ဝိနည်းကျင့်ဝတ်/ သုကုမာရမဂ္ဂဒီပနီဘာသာရပ်၊ ပထမငယ်တန်းတွင် ဘိက္ခုပါတိမောက်ဘာသာ/ ဓမ္မပဒဘာသာရပ်၊ ပထမလတ်တန်းတွင်  ဒွေမာတိကာဘာသာ/ဓမ္မပဒဘာသာရပ်၊ ပထမကြီးတန်းတွင် ဒွေမာတိကာဘာသာ /ဓမ္မပဒဘာသာရပ် တို့ကိုဖြေဆိုကြမည်ဖြစ်သည်။

အဆိုပါစာမေးပွဲအား မတ်လ ၂၈   ရက်နေ့မှ ဧပြီလ  ရက်နေ့အထိ  နေ့စဉ်နေ့လယ် (၁၂)နာရီမှ (၁၅)နာရီအတွင်း ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ စာဖြေသံဃာတော်နှင့် သီလရှင်များ စိတ်အေးချမ်းစွာဖြင့် စာမေးပွဲများဖြေဆိုနိုင်ရေးအတွက် ပြည်နယ်အစိုးရအဖွဲ့၏ပံ့ပိုးမှုဖြင့် ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများနှင့်  ဥပါသကာတို့က ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

ခရိုင်(ပြန်/ဆက်)