ဖားဆောင်းမြို့နယ်တွင် မြန်မာနှစ်ဆန်းတစ်ရက်နေ့ အသက်(၈၀)နှစ်အထက် သက်ကြီးဘိုးဘွားပူဇော်ပွဲ ကျင်းပ
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်တွင် မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် အလှူရှင်များပူးပေါင်း၍ နှစ်စဉ်မပျက် ကျင်းပမြဲဖြစ်သော မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် အသက် ၈၀ နှစ်နှင့်အထက် သက်ကြီးဘိုးဘွားပူဇော်ပွဲကို ယနေ့နံနက် ၈ နာရီက ဖားစည်သံလွင်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။