ကယားပြည်နယ်

ဖားဆောင်းမြို့နယ်၌ စာပေချစ်သူများ စာဖတ်ဝိုင်းကျင်းပ

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်၌ စာပေချစ်သူများမှ စာ​ရေးဆရာ​မောင်လင်း(ဘာသာပြန်)​ရေးသားသည့် စိတ်ကိုသင်ခြင်း(သို့မဟုတ်) နှလုံးသားထဲ​ရောက်​​အောင်သင်ကြားခြင်းစာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက်(၁၁)နာရီ အချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Center)၌ ပြုလုပ်ခဲ့သည်။

ဖား​ဆောင်းမြို့နယ်၌ (၇၈)နှစ်​မြောက် တပ်မ​တော်​နေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာ​စောင်များအခမဲ့ဖြန့်​ဝေ

 ကယားပြည်နယ်၊​ ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ်၊ ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာနမှဝန်ထမ်းများက ၂၀၂၃ခုနှစ်၊ မတ်လ(၂၇)ရက်​​နေ့တွင် ကျ​ရောက်မည့်(၇၈)နှစ်​မြောက် တပ်မ​တော်​နေ့ အထိမ်းအမှတ်အကြိုအဖြစ် (၇၈)နှစ်​မြောက် တပ်မ​တော်​နေ့သတင်း စကားလက်ကမ်းစာ​စောင်များကို ယ​နေ့နံနက်က တပ်ရပ်တပ်ဖွဲ့များ၊ ဌာနဆိုင်ရာရုံးများ၊မြို့​ပေါ်ရပ်ကွက်ရှိပြည်သူများ လက်ဝယ်သို့အ​ရောက် အခမဲ့လိုက်လံဖြန့်​ဝေ​ပေးခဲ့​ကြောင်း သိရသည်။

အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်းအမှတ်စဉ်(၂) သင်တန်းဆင်းပွဲ အခမ်းအနား လွိုင်ကော်မြို့၌ကျင်းပ

ကယားပြည်နယ်၊ လွိုင်ကော်မြို့ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းခန်းမ၌ ယနေ့နံနက် ၉ နာရီအချိန်က အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ်(၂)သင်တန်းဆင်းပွဲကို ကျင်းပပြုလုပ်ရာ ကယားပြည်နယ် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ သင်တန်းသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့သည်။

လွိုင်ကော်မြို့၌ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ သမဝါယမအသင်းများအတွက် တတိယအကြိမ် မတည်ထောက်ပံ့ငွေများ ပေးအပ်ခြင်းအခမ်းအနား ကျင်းပ

ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်သမဝါယမဦးစီးဌာနတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေအစီအစဉ်ဖြင့် သမဝါယမအသင်းများအတွက် တတိယအကြိမ် မတည်ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က ဆောင်ရွက်ခဲ့သည်။

မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်

ကယားပြည်နယ်၊ မယ်စဲ့ခရိုင်၊ မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ‌ရောဂါပိုးအိုမီခရွန်နှင့် ၎င်း၏မျိုးစိတ်အသစ်များကို ကူးစက်ဖြစ်ပွားမှုမရှိစေရေးအတွက် ရောဂါကာကွယ် ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိရာ ရောဂါထိန်းချုပ်ရေးလုပ်ငန်းများ အောင်မြင်နိုင်ရေးအတွက် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ခြင်းကို ယနေ့နံနက် ၁၀ နာရီက တောင်ပိုင်းရပ်ကွက်၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လွိုင်ကော်မြို့၌ ငလျင်ဘေးအန္တရာယ်အသိပညာပေး ‌ဟောပြောပွဲပြုလုပ်

ကယားပြည်နယ်၊ လွိုင်ကော်မြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း ပညာရတနာခန်းမ၌ ယနေ့ ၁၁ နာရီအချိန်က ငလျင်ဘေးအန္တရာယ်အသိပညာပေး ဟောပြောခြင်းကို ပြုလုပ်ခဲ့ရာ ဟောပြောပွဲသို့ ဆရာ / ဆရာ မများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် စစ်ကြောင်းကြီး (၅) ကြောင်းဖြင့် ရပ်ကွက်နေပြည်သူများအား ကွင်းဆင်းဟောပြောဆွေးနွေး

လွိုင်ကော်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်ဌာန ဆိုင်ရာများပူးပေါင်းပါဝင်သော အုပ်ချုပ်ရေးစစ်ကြောင်း၊ နိုင်ငံရေးစစ်ကြောင်း၊ လူမှုရေးစစ်ကြောင်း၊ စည်းရုံးရေးစစ်ကြောင်းနှင့် ဒေသဖွံ့ဖြိုးရေးစစ်ကြောင်း စစ်ကြောင်းကြီး (၅) ကြောင်းဖြင့် နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ရပ်ကွက်/ကျေးရွာရှိ ပြည်သူများအား တွေ့ဆုံဟောပြော ဆွေးနွေးခြင်းကို ယနေ့နံနက် (၉) နာရီအချိန်က လွိုင်ကော်မြို့၊ ဘာဒိုရပ်ကွက်ရှိ ခန်းမဆောင်၌ ကျင်းပခဲ့သည်။

မယ်စဲ့မြို့နယ်တွင် (၇၈)နှစ်မြောက်တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်း စာစောင်များ ဖြန့်ဝေ

မတ်လ(၂၇)ရက်နေ့တွင်ကျရောက်မည့် (၇၈)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် အသိပညာပေးသတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ယနေ့နံနက် ၉ နာရီက ကယားပြည်နယ်၊ မယ်စဲ့မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာရုံးများအား လိုက်လံဖြန့်ဝေခဲ့ကြောင်း သိရသည်။

မယ်စဲ့မြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ပင်စင်လစာများထုတ်ပေး

ကယားပြည်နယ်၊ မယ်စဲ့ခရိုင်၊ မယ်စဲ့မြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ၏ ပင်စင်လစာများအား မြန်မာ့စီးပွားရေးဘဏ်မှ မတ်လ ၂၁ ရက်နေ့မှစ၍ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

အခြေခံပညာအလယ်တန်းအဆင့် ဘာသာရပ်စွမ်းရည်မြင့်ဆွေးနွေးပွဲ (ခရိုင်အဆင့်)သင်တန်းဖွင့်ပွဲကျင်းပ

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့နယ် အခြေခံပညာအထက်တန်းကျောင်းတွင် အခြေခံပညာအလယ်တန်းအဆင့် ဘာသာရပ်စွမ်းရည်မြင့် ဆွေးနွေးပွဲ(ခရိုင်အဆင့်) သင်တန်းကို ယမန်နေ့နံနက်(၉)နာရီအချိန်၌ ကျင်းပသည်။
Subscribe to ကယားပြည်နယ်