မယ်စဲ့ ဧပြီ ၁၈
ကယားပြည်နယ်၊ မယ်စဲ့ခရိုင်၊ မယ်စဲ့မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့မိမြို့ဖများပူးပေါင်း၍ ပြည်သူများဘေးအန္တရာယ်ကင်းရှင်းစေရန်ရည်ရွယ်၍ ဌာနဆိုင်ရာရုံးများနှင့် ရပ်ကွက်များ၌ နှစ်သစ်ကူးအန္တရာယ်ကင်း ပရိတ်တော်များ ရွတ်ဖတ်ပွဲကို ဧပြီ ၁၇ ရက် (မြန်မာနှစ်ဆန်းတစ်ရက်) ညနေ ၄ နာရီကကျင်းပခဲ့ကြောင်း သိရသည်။
အန္တရာယ်ကင်းပရိတ်တရားတော် ရွတ်ဖတ်ပူဇော်ပွဲကို မြို့နယ်သံဃနာယကဥက္ကဋ္ဌ ဟိုစဲ့ထေရဝါဒ ဗုဒ္ဓသာသနာပြုကျောင်းဆရာတော်အမှူးပြုသော ဆရာတော်/သံဃာတော်များက ဌာနဆိုင်ရုံးဌာန ၆ ခုနှင့် မြို့လယ်နတ်နန်းရှေ့တို့၌ အန္တရာယ်ကင်းပရိတ်တော်များ ရွတ်ဖတ်သရဇ္ဈာယ်တော်မူကြရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးမြတ်စိုးနှင့်ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများက ပရိတ်တရားတော်များနာယူကြပြီး သံဃာတော်များအား လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ဝတ်ရည်(မယ်စဲ့)