ဖားဆောင်း မေ ၁၇
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်တွင် ဓါတ်သတ္တုအခွန်ကောက်ခံနိုင်ရေး အုတ်၊ သဲ၊ ကျောက် ထုတ်လုပ်ခွင့်လိုင်စင်လျှောက်ထားမှုအား ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးသက်မြင့်ဦးနှင့်အဖွဲ့ဝင်များက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးသက်မြင့်ဦး၏ဦးဆောင်မှုဖြင့် မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး၊ မြို့နယ်မြေနယ်မြေစာရင်းဦးစီးမှူးနှင့်တာဝန်ရှိသူများက စုစည်းကျေးရွာရှိ အုတ်၊ သဲ၊ ကျောက်လုပ်ငန်း လုပ်ဆောင်နေသည့် ဦးနိုင်ဆွေ၏လုပ်ကွက်နှင့် ဦးအောင်ဝင်း၏လုပ်ကွက်များသို့ လုပ်ငန်းဆောင်ရွက်နေမှုအား သွားရောက်၍ကွင်းဆင်းကြည့်ရှုခဲ့သည်။ ထို့နောက်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူးက ဓါတ်သတ္တုအခွန်ပေးဆောင်ခြင်းနှင့်ပတ်သက်သည့်များကို ရှင်းလင်းပြောကြားပြီး လိုင်စင်လျှောက်ထားမှုနှင့်အညီ စနစ်တကျဆောင်ရွက်ရန်ပြောကြားခဲ့ကြောင်း သိရသည်။
နန်းသဲနုအောင်(ဖားဆောင်း)