လွိုင်ကော် မေ ၁၆
ကယားပြည်နယ်၊ လွိုင်ကော်မြို့ လွိုင်ကော်မူလတန်းကြိုကျောင်းခန်းမ၌ ယနေ့နံနက် ၉ နာရီခွဲ အချိန်က ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ အစည်းအဝေး (၁/၂၀၂၃) ကို ပြုလုပ်ရာ ကယားပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးနှင့် ပြည်နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဝင်များ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်ကြသည်။
ရှေးဦးစွာ ကယားပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးမြင့်ကြည်မှ အဖွင့်အမှာစကားပြောကြားပြီး ကယားပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးအေးကျော်က ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဆောင်ရွက်ထားရှိသည့် လုပ်ငန်းများအား ရှင်းလင်းဆွေးနွေးတင်ပြခဲ့သည်။
ထို့နောက် ဆွေးနွေးတင်ပြချက်များနှင့်ပတ်သက်ပြီး လူမှုရေးရာဝန်ကြီးနှင့် တက်ရောက်လာကြသည့် အဖွဲ့ဝင်များက ဝိုင်းဝန်းဆွေးနွေးခဲ့ကြပြီး ဆွေးနွေးချက်များအပေါ် ရှေ့လုပ်ငန်းစဉ်များ ချမှတ်ရေးဆွဲခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)