ဖား​ဆောင်းမြို့နယ်တွင် ​သံဃာ​တော်များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်​ဆေး ပဥ္စမအကြိမ်ထပ်​ဆောင်ထိုးနှံ​ပေး

ဖား​ဆောင်း ​မေ ၁၇

ကယားပြည်နယ်၊​ ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ်တွင် ​ဒေသခံပြည်သူများနှင့် သံဃာတော်များအား ကိုဗစ်-၁၉ ​ရောဂါ ကာကွယ်​​ဆေး ပဥ္စမအကြိမ် Sinopharm ​ဆေးကို ထပ်ဆောင်းထိုးနှံ​ပေးလျက်ရှိရာ ယ​နေ့နံနက် ၁၀ နာရီအချိန်က ဖား​ဆောင်းမြို့​ ​​မြောက်ပိုင်းရပ်ကွက်ရှိ ​​မွေ​တော်ပရိယတ္တိစာသင်တိုက်ဘုန်း​တော်ကြီး​ကျောင်း၌ သံဃာ​တော်များအား ကိုဗစ် - ၁၉ ရောဂါကာကွယ်​ဆေးထိုးနှံ​ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်​ဆေး ပဥ္စမအကြိမ် Sinopharm ဆေးကိုထိုးနှံ​​ပေး​လျက်ရှိ​ကြောင်း၊​ ဒေသခံပြည်သူများအား သက်ဆိုင်ရာ ရပ်ကွက်/​ကျေးရွာများအတွင်းရှိ သတ်မှတ် ထားသည့် ​ဆေးထိုးစုရပ်အသီးသီးတွင် ထိုးနှံ​ပေးသွားမည်ဖြစ်​ကြောင်း၊ ယနေ့တွင် သံဃာ ၂၂ ပါးအား ကိုဗစ် - ၁၉ ရောဂါ ကာကွယ်​ဆေးထိုးနှံ​ပေးခဲ့​ကြောင်းနှင့် ကျန်းမာ​ရေး​စောင့်​ရှောက်မှုများ​ဆောင်ရွက်​​ပေးခဲ့​​ကြောင်း မြို့နယ်ကျန်းမာ​ရေးဦးစီးဌာနမှ သိရသည်။

နန်းသဲနု​အောင်(ဖား​ဆောင်း)