ကယားပြည်နယ်ဝန်ကြီးချုပ် နိုင်ငံ့ဝန်ထမ်းများနှင့် မိသားစုဝင်များအား ကိုယ်ရေးအချက်အလက်နှင့် ဇီဝဆိုင်ရာ အချက်အလက်များ ကောက်ယူနေမှုများ ကြည့်ရှုအားပေး
ကယားပြည်နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနအနေဖြင့် နိုင်ငံ့ဝန်ထမ်းများနှင့် မိသားစုဝင်များအား ကိုယ်ရေးအချက်အလက်(Biographic)နှင့် ဇီဝဆိုင် ရာအချက်အလက် (Biometric)များ ကောက်ယူခြင်း နှင့် UID နံပါတ်ထုတ်ပေးခြင်း လုပ်ငန်းများကို ယမန်နေ့နံနက်ပိုင်းက ကယားပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ဆောင်ရွက်ခဲ့သည်။