အပြည်ပြည်ဆိုင်ရာ မူယစ်ဆေးဝါအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အကြိုဟောပြောပွဲကျင်းပ

လွိုင်ကော်  ဇွန် ၂၃

အပြည်ပြည်ဆိုင်ရာ မူယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အကြိုဟောပြောပွဲကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က လွိုင်ကော်မြို့၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း ပညာရတနာခန်းမ၌ ကျင်းပဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ လွိုင်ကော်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်စွာမြင့်က အနာဂတ်လူငယ်နှင့် မူယစ်ဆေးဝါးအန္တရာယ်အကြာင်း သိကောင်းစရာ ခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးခဲ့သည်။

ထို့နောက် ဟောပြောပွဲပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသ ဆောင်ရွက်ထားရှိသည့် မူယစ်ဆေးဝါးအန္တရာယ်အသိပညာပေး နံရံကပ်စာစောင်နှင့် စာအုပ်စာစောင် များအား ကျောင်းသား/ ကျောင်းသူများက ကြည့်ရှုလေ့လာခဲ့ကြပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှထုတ်ဝေသော သတင်းစကားလက်ကမ်းစာစောင်အား ဆရာ/ ဆရာမနှင့် ကျောင်းသား/ သူများထံ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိသည်။

ခရိုင် (ပြန်/ ဆက်)