ကယားပြည်နယ် ဥပဒေချုပ်ရုံး၌ ၂၀၂၃ခုနှစ် ၊ မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုး

လွိုင်ကော်     ဇူလိုင်      ၁၅

၂၀၂၃ခုနှစ် ၊ မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးခြင်းကို ယနေ့ နံနက်(၉)နာရီအချိန်က ကယားပြည်နယ် ဥပဒေချုပ်ရုံး၊ ပရိဝုဏ်၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်ဥပဒေချုပ် ဦးကြည်မြိုင် ၊ ပြည်နယ်ဥပဒေအရာရှိ ဦးသိန်းထွန်း ၊ ပြည်နယ်ဥပဒေချုပ်ရုံးမှ ဥပဒေအရာရှိ များနှင့် ဝန်ထမ်းများတက်ရောက်ခဲ့ကြသည်။

 ဦးစွာ ပြည်နယ်ဥပဒေချုပ်နှင့် ပြည်နယ်ဥပဒေအရာရှိတို့က သတ်မှတ်နေရာများတွင် ကံ့ကော်ပင်များကို စိုက်ပျိုးခဲ့ကြပြီး ဥပဒေအရာရှိများနှင့် ဝန်ထမ်းများ ရုံးပရိဝုဏ်အတွင်း ပျော်ရွင်စွာ စုပေါင်းသစ်ပင် စိုက်ပျိုးနေမှုများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။

ပြည်နယ်ဥပဒေချုပ်ရုံးအနေဖြင့် ၂၀၂၃ခုနှစ်၊ မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတွင် နှစ်ရှည်ပင်နှင့်အရိပ်ရအပင်များဖြစ်သည့် ရတနာတန်းဝင်ကျွန်းပင်၊ စိန်ပန်းပင်နှင့် ကံ့ကော် ပင်များ စုစုပေါင်း(၆၇)ပင်ကို ပျော်ရွင်စွာဖြင့် စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

ကိုဇင်(လွိုင်ကော်)