ကယားပြည်နယ်အစိုးရအဖွဲ့မှ ၂၀၂၃ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ပြည်နယ်အတွင်းရှိ အောင်ချက်အကောင်းဆုံးမြို့နယ်များ၊ ကျောင်းများနှင့် ဂုဏ်ထူးရ ကျောင်းသား၊ ကျောင်းသူများအား ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ

လွိုင်ကော် ဇူလိုင် ၂၇

ကယားပြည်နယ်အစိုးရအဖွဲ့မှ ၂၀၂၃ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ပြည်နယ်အတွင်းရှိ အောင်ချက်အကောင်းဆုံးမြို့နယ်များ၊ ကျောင်းများနှင့် ဂုဏ်ထူးရထူးချွန် ကျောင်းသား၊ ကျောင်းသူများအား ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက လွိုင်ကော်မြို့၊ ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဒေသကွပ်ကဲရေးမှူး၊ ဌာနဆိုင်ရာများ၊ ပညာရေးမှူးများ၊ ကျောင်းအုပ်ကြီးများ ဂုဏ်ထူးရ ကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ အခမ်းအနားကို အမှတ်()အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများကပညာရည်ထူးချွန်သီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က အဖွင့်အမှာစကားပြောကြားရာတွင် ပြည်နယ်အစိုးရအဖွဲ့ အနေဖြင့် ပြည်နယ်အတွင်းရှိ မျိုးဆက်သစ်လူငယ်များ၏ ကြိုးစားအားထုတ်မှုကို အသိအမှတ်ပြုပြီး ထူးချွန်ထက်မြက်သည့် အသိပညာရှင်၊ အတတ်ပညာရှင်များ ပေါ်ထွက်လာစေရန် ပညာရေးမြင့်တင်မှုများကို အဓိကအလေးထား ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ခေတ်နှင့်အညီ ပြောင်းလဲလာသည့် စက်မှု၊ နည်းပညာ၊ အာကာသနှင့် ဆေးဘက်ဆိုင်ရာ ပညာရပ်များသည် အခြေခံပညာရေးကတစ်ဆင့် မြစ်ဖျားခံခဲ့ခြင်းဖြစ်ကြောင်း၊ နိုင်ငံတကာပညာရေးနှင့် ရင်ဘောင်တန်းနိုင်သည့် အခြေခံပညာရေးစနစ်မှသည် အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကို တည်ဆောက်နိုင်သည့် လူ့စွမ်းအားအရင်းအမြစ်များ ပေါ်ထွန်းလာစေရေးအတွက် အမျိုးသားရေး တာဝန်တစ်ရပ် အဖြစ်ခံယူကာ ကျောင်းသား၊ ဆရာ မိဘ ကျောင်းအကျိုးတော်ဆောင်၊  ရပ်မိရပ်ဖတို့က သက်ဆိုင်ရာဌာနများနှင့်ဝိုင်းဝန်း ပူးပေါင်း ကြိုးပမ်းဆောင်ရွက်ရမည် ဖြစ်ကြောင်းပြောကြားခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အတွင်းရှိ အောင်ချက်အကောင်းဆုံးမြို့နယ်များဖြစ်သည့် လွိုင်ကော်မြို့နယ်၊ ဘောလခဲမြို့နယ်နှင့် ဖားဆောင်းမြို့နယ်ရှိ မြို့နယ်ပညာရေးမှူးများအား လည်းကောင်း၊ အောင်ချက်အကောင်းဆုံး ကျောင်းများဖြစ်သည့် လွိုင်ကော်မြို့နယ်ရှိ အမှတ်() အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်()အခြေခံပညာ အထက်တန်းကျောင်း၊ အမှတ်()အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်() အခြေခံပညာအထက်တန်းကျောင်းများရှိ ကျောင်းအုပ်ကြီးများအားလည်းကောင်း၊ ပြည်နယ်အတွင်းထူးချွန် () ဘာသာဂုဏ်ထူးရှင်များအားလည်းကောင်း ဂုဏ်ပြုဆုများ ချီးမြှင့်ခဲ့သည်။

ဆက်လက်ပြီး ပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်ဝန်ကြီးများ၊ ဒေသကွပ်ကဲရေးမှူးနှင့် တာဝန်ရှိသူများက ထူးချွန် ()ဘာသာ()ဘာသာ()ဘာသာ()ဘာသာနှင့် ()ဘာသာဂုဏ်ထူးရှင်များအား ဆုများအသီးသီး ချီးမြှင့်ခဲ့ကြသည်။ ဆက်လက်၍ အခမ်းအနားကို အမှတ်() အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူ များကပညာရေးသီချင်းဖြင့် သီဆိုဖျော်ဖြေပိတ်သိမ်းခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ၊ အောင်ချက်အကောင်းဆုံးဆုရမြို့နယ် ပညာရေးမှူးများနှင့် ကျောင်းအုပ်ကြီးများ၊ ထူးချွန်ကျောင်းသား၊ ကျောင်းသူများ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ကြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဂုဏ်ထူးရ ထူးချွန်ကျောင်းသား၊ ကျောင်းသူများနှင့် မိဘများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက် အားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ ဆက်)