၂၀၂၃ ခုနှစ်၊ နိုင်ငံတော်အဆင့် တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူရေးလုပ်ငန်း စတင်ခြင်းအခမ်းအနား လွိုင်ကော်မြို့၌ ကျင်းပ
၂၀၂၃ ခုနှစ်၊ နိုင်ငံတော်အဆင့် တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူရေးလုပ်ငန်း စတင်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်း က လွိုင်ကော်မြို့၊ လောဓမ္မရပ်ကွက်၊ ကန္ဒရဝတီခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ် အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ပြည်နယ်နှင့်ခရိုင် တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီဝင်များ၊ မြို့နယ်တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူရေး လုပ်ငန်းကော်မတီဝင်များနှင့် မွေးမြူရေးတောင်သူများ တက်ရောက်ခဲ့ကြသည်။