လွိုင်လင် ဇွန် ၃
ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများ ယနေ့မှစတင်၍ တစ်နိုင်ငံလုံးအတိုင်းအတာဖြစ် စတင်ဖွင့်လှစ်သင်ကြားနေပြီရာ လွိုင်လင်မြို့နယ် အခြေခံပညာကျောင်းများလည်း အလားတူဖွင့်လှစ်လျက်ရှိကြောင်း သိရသည်။
၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ လှုပ်ရှားမှုသီတင်းပတ်တွင် လွိုင်လင်မြို့နယ်၌ အခြေခံပညာ (ထက်၊ လယ်၊ မူ) ကျောင်းပေါင်း (၁၄၇) ကျောင်းရှိရာ ယနေ့အထိ ကျောင်းအပ်နှံသူ (၁၆၆၇၈) ဦး အပ်နှံထားပြီး ကျောင်းသူ/ သားများကို ဆက်လက်၍ လက်ခံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံး တာဝန်ရှိသူထံမှ သိရသည်။
ခရိုင် (ပြန်/ဆက်)