ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင် လွိုင်ကော်မြို့၊ အခြေခံပညာအထက်တန်း ကျောင်းသား ၊ ကျောင်းသူများကို ဥပဒေအသိပညာပေးဟောပြောပွဲတက်ရောက်
ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ အခြေခံပညာအထက်တန်းကျောင်း ကျောင်းသား၊ ကျောင်းသူများ ဥပဒေအသိပညာများ တိုးပွားလာစေရန်ရည်ရွယ်၍ ယမန်နေ့နံနက်ပိုင်းက ပြည်နယ်ပညာရေးမှူးရုံး၊ ပညာ့ဗိမာန်ခန်းမ၌ ဥပဒေအသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ရာ ကယားပြည်နယ်ဝန်ကြီးချုပ်ဦးဇော်မျိုးတင်၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ဆရာ/ဆရာမများ၊ Grade(11) နှင့် Grade(12) ကျောင်းသား/ ကျောင်းသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။