ကယားပြည်နယ်ဝန်ကြီးချုပ် ပြည်သူ့ဝန်ဆောင်မှုရုံး ဖွင့်လှစ်ဆောင်ရွက်ထားရှိမှုနှင့် သာသနိက အဆောက်အအုံများ ပြန်လည်ပြုပြင်မွမ်းမံနေမှုများအား ကြည့်ရှုစစ်ဆေး
ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်း ဒေသဖွံ့ဖြိုးရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိရာ ကယားပြည်နယ်ဝန်ကြီးချုပ်ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများလိုက်ပါ၍ ယမန်နေ့နံနက်ပိုင်းတွင် လွိုင်ကော်မြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ပြည်သူ့ဝန်ဆောင်မှုရုံး(OSS)ဖွင့်လှစ်ထားရှိမှု၊ ကျောင်းထိုင်ဘုန်းကြီး သင်တန်းကျောင်းနှင့် ရွှေတောင်ပရိယတ္တိစာသင်တိုက်တို့၌ သာသနိကအဆောက်အအုံများ ပြန်လည်ပြုပြင်မွမ်းမံနေမှုများကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။