ဘောလခဲမြို့နယ်၊ ပြည်ထောင်စုလမ်းမကြီး ကျောက်စီရေမြောင်းနှင့် အဖုံးပါပလက်ဖောင်းပြုလုပ်ခြင်း ဆောင်ရွက်

ဘောလခဲ ဩဂုတ် ၁၈

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့တွင် ဒေသဖွံ့ဖြိုးရေး တိုးတက်ရေးလုပ်ငန်းများ တည်ဆောက်လျက်ရှိရာ ဘောလခဲ မြို့ဖွံ့ဖြိုး တိုးတက်သာယာလှပရေးနှင့် အများပြည်သူသွားလာမှု အဆင်ပြေစေရေးအတွက် lot (33) ဘောလခဲမြို့နယ်၊ ပြည်ထောင်စု လမ်းမကြီး ကျောက်စီရေမြောင်းနှင့် အဖုံးပါ ပလက်ဖောင်းပြုလုပ်ခြင်းဆောင်ရွက်ခြင်းကို ၂၀၂၀ မေလ (၂၈)ရက်နေ့က စတင် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

အဆိုပါ ကျောက်စီရေမြောင်းနှင့် အဖုံးပါပလက်ဖောင်း တည်ဆောက်နေမှုအား ကယားပြည်နယ် စည်ပင်သာယာရေးအဖွဲ့ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေး နှစ်၊ ကယားငွေသဇင်ကုမ္မဏီမှ တာဝန်ခံ အင်ဂျင်နီယာ ဒေါ်သန်းသန်းအေး အနီးကပ်ကြီးကြပ်ခြင်းနှင့်အတူ ငွေကျပ်(၄၃.)သန်းဖြင့် ပေပေါင်း(၁၅၅၀)ပေကို သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဖိုးရယ်