ကယားပြည်နယ်

ကျေးရွာများမှ ဖော်ထုတ်သော ကျေးရွာဖွံ့ဖြိုးရေး အစီအစဉ်များအား သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း အစည်းအဝေး ကျင်းပ

ကမ္ဘာ့ဘဏ်နှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော မယ်စဲ့မြို့နယ် လူထုဗဟိုပြုစီမံကိန်းနှင့် သက်ဆိုင်ရာဌာနများတို့ မြို့နယ်စီမံကိန်း ရေးဆွဲရာ တွင် ကျေးရွာဖွံ့ဖြိုးရေး အစီအစဉ်များ ထည့်သွင်းရေးဆွဲနိုင်ရေး ကျေးရွာများမှ ဆွေးနွေးဖော်ထုတ်ထားသော ဖွံ့ဖြိုးရေးအစီအစဉ်များအား ပေါင်းစပ်ညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

မယ်စဲ့မြို့နယ်၊ ဟိုဖကျေးရွာတွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း (VRFP) ရန်ပုံငွေ ထုတ်ချေးပေး

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်အရ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်  ဟိုဖကျေးရွာတွင် အကောင် အထည်ဖော် ဆောင်ရွက်မည့် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း (VRFP) ငွေထုတ်ချေးပေးခြင်းကို ယနေ့နံနက်က ဟိုဖကျေးရွာခန်းမဆောင်၌ ကျင်းပသည်။

ဒီးမော့ဆိုတွင် ဆေးလိပ်ငွေ့ကင်းစင် ထူထောင်ရေးလုပ်ငန်းများ ညှိနှိုင်းအစည်းအဝေးကျင်းပ

ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ ဒီးမော့ဆိုမြို့နယ်တွင် ဆေးလိပ်ငွေ့ကင်းစင်သော တက္ကသိုလ်များ၊ ကောလိပ်များ၊ အခြေခံပညာ ကျောင်းများ ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ညှိနှိုင်းအစည်းအဝေးတစ်ရပ်ကို ယနေ့ နံနက် ၉ နာရီခွဲက မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပ သည်။

​မယ်စဲ့မြို့နယ်ရှိ ကျေးရွာများတွင် မဲဆန္ဒရှင်စာရင်း ကပ်ထားကြေညာမှုအား ကြည့်ရှုစစ်ဆေးခြင်းနှင့် မဲစာရင်းလာရောက် ကြည့်ရှုရေးအသိပေးနှိုးဆော်

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲအတွက် ​ကျေးရွာများတွင် မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာမှုအား ကြည့်ရှု စစ်ဆေးခြင်းနှင့် မဲဆန္ဒရှင်စာရင်းတွင် မိမိအမည် ပါ/မပါ မဲစာရင်းများ လာရောက်ကြည့်ရှုရေး အသံချဲ့စက်ဖြင့် လိုက်လံအသိပေး နှိုးဆော်ခြင်းကို ယမန်နေ့ နံနက်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရွာသစ်မြို့တွင် အာဖရိကဝက် အပြင်းဖျားရောဂါအကြောင်း သိကောင်းစရာနှင့် အခြေခံမွေးမြူရေး အကြောင်း အသိပညာပေး

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ကယားပြည်နယ်ရုံးမှ ပြည်နယ်ဦးစီးမှူး နှင့် ဝန်ထမ်းများသည် အာဖရိကဝက်အပြင်းဖျားရောဂါအကြောင်း သိကောင်းစရာနှင့် အခြေခံမွေးမြူရေး အကြောင်း အသိပညာပေးဆွေးနွေးခြင်းကို ယနေ့ နံနက် ၈ နာရီခွဲ အချိန်က ကယားပြည်နယ်၊ ရွာသစ်မြို့ ဝမ်လွဲ့ကျေးရွာ ခန်းမဆောင်၌ ကျင်းပသည်။

ဒီးမော့ဆိုမြို့နယ်ရှိ ငွေတောင်ဆည်တွင် ပြည်တွင်းခရီးသွားပြည်သူများ လာရောက်လည်ပတ်မှု များပြား

အစိုးရရုံးပိတ်ရက် လေးရက်တာကာလအတွင်း ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ ဒီးမော့ဆို မြို့နယ် ငွေတောင်ဆည်တွင် ပြည်တွင်းခရီးသွားပြည်သူများ လာရောက်လည်ပတ်မှု များပြား လျက်ရှိကြောင်း သိရ သည်။

မယ်စဲ့မြို့နယ်၌ စိုက်ပျိုးနည်းစနစ် မှန်ကန်စေရေး စပါးစိုက်ပျိုးခြင်း လက်တွေ့သရုပ်ပြ

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် စိုက်ပျိုးနည်းစနစ် မှန်ကန်စေရေး လက်တွေ့သရုပ်ပြ စိုက်ပျိုးခြင်းကို တောင်သူဦးဘစံ ကွင်းအမှတ်(၁)၊ ဦးပိုင်(၃၇)၊ စိုက်ဧက ၃ ဧက၌ ယမန်နေ့နံနက်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to ကယားပြည်နယ်