လွိုင်ကော်မြို့နယ်တွင် ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစားအိမ်ထောင်စုများအား ဒုတိယအကြိမ် ထောက်ပံ့ငွေပေးအပ်

လွိုင်ကော်         ဩဂုတ်   ၁၅

ကယားပြည်နယ် လွိုင်ကော်မြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစား အိမ်ထောင်စုများအား ဒုတိယအကြိမ်မြောက်နိုင်ငံတော်မှထောက်ပံ့သည့် ထောက်ပံ့ငွေ ပေးအပ်ခြင်းကို ယနေ့ နံနက်ပိုင်းက မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုများသို့ ထောက်ပံ့ပေးအပ်ခဲ့သည်။

အဆိုပါထောက်ပံ့ငွေများပေးအပ်ရာတွင် ကယားပြည်နယ် လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်ဝန်ကြီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်း အမြစ်ဝန်ကြီးဌာန ဝန်ကြီး ဦးခင်မောင်ဖြူ နှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရန်နိုင်ဝင်း တို့က လွိုင်ကော်မြို့နယ်အတွင်းရှိ ရပ်ကွက် /ကျေးရွာ အုပ်စုများသို့  သွားရောက်၍ ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစား အိမ်ထောင်စုများထံသို့ လက်ဝယ်အရောက်ပေးအပ်ခဲ့သည်။

လွိုင်ကော်မြို့နယ်တွင် ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစား အိမ်ထောင်စု (၇၁၃၁) စုအတွက် အိမ်ထောင်စုတစ်စုလျှင် ငွေကျပ် (၂၀၀၀၀) နှုန်းဖြင့် ထောက်ပံ့ငွေကျပ်(၁၄၂၆၂၀၀၀၀) ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။

စိုးလှိုင်ဌေး(ပြန်/ဆက်)