ရွာသစ် ဩဂုတ် ၁၆
ကိုဗစ်−၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု အန္တရာယ်နှင့် သဘာဝဘေးအန္တရာယ်မှ ကြိုတင်ကာကွယ် ထိန်းချုပ် နိုင်ရေးအတွက် ကယားပြည်နယ်၊ ရွာသစ်မြို့တွင် ဘောလခဲခရိုင်မှ ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ဒုတိယဦးစီးမှူး ဦးရေဦးနှင့် ဝန်ထမ်းများ၊ ရွာသစ်မြို့ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့ နံနက်ပိုင်းက ရွာသစ်မြို့ရှိ တောင်ပိုင်းရပ်ကွက်၊ မြောက်ပိုင်း ရပ်ကွက်၊ ဝမ်လွဲ့ကျေးရွာ၊ လွယ်ဝိုင်းကျေးရွာ၊ ဝမ်ဗလကျေးရွာတို့တွင် အသိပညာ ပေးခြင်းလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ပူးပေါင်းအဖွဲ့နှင့်အတူ အဆိုပါ နေရာများအား COVID-19 ရောဂါ ကူးစက်ပျံ့နှံ့မှုများ မဖြစ်ပွား စေရန်အတွက် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက အချိန်နှင့် တစ်ပြေးညီ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များအား လိုက်နာဆောင်ရွက် ပေးကြရန်နှင့် ပြည်သူများ အားလုံး ပူးပေါင်းပါဝင်ကြရန် တိုက်တွန်း နှိုးဆော်ခြင်း၊ သဘာဝဘေး အန္တရာယ်နှင့် စပ်လျဉ်းသည့် ဆောင်ရန်/ရှောင်ရန် အချက်များကို ပြည်သူများသိရှိ လိုက်နာနိုင်ရေး အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နန်းဆွေဆွေအေး(ပြန်/ဆက်)