ဘောလခဲ သြဂုတ် ၁၇
ကယားပြည်နယ်၊ ဘောလခဲခရိုင်အထွေထွေ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏ ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ တွင် ဘောလခဲခရိုင်အတွင်းရှိ မဲဆန္ဒနယ် အသီးသီးတွင် ဝင်ရောက်ယှဉ်ပြိုင် ရွေးကောက်တင်မြှောက်လိုသူများ၏ လွှတ်တော်ကိုယ်စားလှယ် လောင်း (၁၅)ဦး အမည်စာရင်းတင်သွင်းလွှာများကိုလွှတ်တော်ရွေးကောက်ပွဲ ဥပဒပုဒ်မ(၂၄)အရ ဆက်လက်စိစစ်ခြင်းကို ယနေ့နံနက်(၁၀) နာရီ အချိန်က ခရိုင်ရွေးကောက်ပွဲကော်မရှင်ရုံးအစည်းအဝေးခန်းမ၌ကျင်းပခဲ့သည်။
ရှေးဦးစွာ ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အရာရှိ ဦးကျော်လင်းမှ ရွေးကောက်ခံမည့် ပါတီကိုယ်စားလှယ် လောင်း တစ်ဦးချင်းစီ၏ ကိုယ်ရေး အချက်အလက်များကို ပြသဖတ်ကြားပြီး ကော်မရှင်အဖွဲ့ခွဲ ဝင်များနှင့် ပါတီကိုယ်စားလှယ်များမှ ကန့်ကွက်ခြင်း၊ပယ်ဖျက်ခြင်း မရှိသည့် အတွက် အတည်ပြု ခဲ့ကြောင်း သိရသည်။
ပါတီကိုယ်စားလှယ်လောင်း စိစစ်ခြင်းသို့ ခရိုင် ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဒေါ်လှကြည်၊ ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ၊ အဖွဲ့ဝင် များ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။
ဖိုးရယ်