သဘာဝဘေးအန္တရာယ် လျှော့ချရေးလုပ်ငန်းစဉ်များအတွက် save the children မှ စီမံချက်ဝင် စာသင်ကျောင်းများသို့ ပံ့ပိုးပစ္စည်းများထောက်ပံ့ပေးအပ်ခြင်းနှင့် ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စု တို့အား ဒုတိယအကြိမ်ထောက်ပံ့ငွေပေးအပ်ခြင်းအခမ်းအနားကျင်းပ

ဘောလခဲ သြဂုတ် ၁၆

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့တွင် သဘာဝဘေးအန္တရာယ် လျှော့ချရေး လုပ်ငန်းစဉ် များအတွက် save the children မှ စီမံချက်ဝင်စာသင်ကျောင်းများသို့ ပံပိုးပစ္စည်းများ နှင့် ပုံမှန်ဝင်ငွေ မရှိသော အိမ်ထောင်စုတို့အား covid-19ရောဂါ ဖြစ်ပွားသည့် ကာလအတွင်း ဒုတိယ အကြိမ် ထောက်ပံငွေ ပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့ နေ့လယ် (၁) နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ကယားပြည်နယ်အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးနှင့်လူမှုရေးဝန်ကြီး ဒေါက်တာ အောင်ကျော်ဌေး က အဖွင့်အမှာစကားပြောကြားရာတွင် ကယားပြည်နယ်မှာ NGO အဖွဲ့များစွာ ရှိပါကြောင်း၊ ပြည်နယ်မှလိုအပ်ချက်များကိုလည်းစည်းမျဉ်းစည်းကမ်းနှင့်အညီ ပေါင်းစပ်ကူညီ ပေးတာ ရှိပါကြောင်း၊ သည်အဖွဲ့ထဲမှာမှ Save the Children ပါဝင်ပါကြောင်း၊ သဘာဝ ဘေးအန္တရာယ်နှင့် စပ်လျဉ်း၍ လိုအပ်သည့် အသုံးအဆောင် အထောက်အပံ့ပစ္စည်းများကို ဘောလခဲမြို့နယ်အတွင်းရှိ အခြေခံစာသင်ကျောင်း (၂၈)ကျောင်း ပေးအပ်ခြင်း ဖြစ်ပါကြောင်း၊ တဆက်တည်းမှာပင် COViD 19ကပ်ရောဂါကာလအတွင်း ဘောလခဲမြို့နယ် အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စု(၅၇၀)စုအတွက် ထောက်ပံ့ငွေ ပေးအပ်သွားမည် ဖြစ်ကြောင်း၊ ယခုအချိန်ထိ ကပ်ရောဂါ မပြီးဆုံးသေးသဖြင့် ကျန်းမာရေးကို ဂရုစိုက်စေလိုကြောင်း၊ အထူးသဖြင့် ယခုကျောင်းဖွင့်ချိန်တွင် ဆရာ၊ဆရာမများ ကျောင်းသား ကျောင်းသူများအတွက် အရေးကြီးသည့်အချိန် ဖြစ်၍ ကျန်းမာရေးဝန်ကြီးဌာနညွန်ကြားချက်နှင့်အညီ လိုက်နာကြပါရန် ပြောကြားသည်။

ဆက်လက်၍ စည်ပင်သာယာရေးနှင့်လူမှုရေးဝန်ကြီးမှ သဘာဝဘေးအန္တရာယ် လျှော့ချရေး လုပ်ငန်စဉ်များ အတွက် စီမံချက်ဝင် စာသင်ကျောင်းများသို့ ထောက်ပံ့ပစ္စည်းများဖြစ်လက်သော လက်ဆေးစင်၊ ဘေစင်ခွက်၊ ဆပ်ပြာခဲ၊ရေစွဲပုံး၊ ရေဖလားခွက်၊Pipe Socket Water tap နှင့် ပုံမှန် ဝင်ငွေမရှိသော အိမ်ထောင်စုများအား ဒုတိယအကြိမ်ထောက်ပံငွေပေးအပ်ခြင်းကို စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီးနှင့် တာဝန်ရှိသူများက အသီးသီးပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

လှရွှေ