ဖရူဆိုမြို့နယ်တွင် နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာနေသော ပြည်သူများ နှာခေါင်းစည်း(Mask) တပ်ဆင်ခြင်း ရှိ/ မရှိ ရှောင်တခင်စစ်ဆေး

ဖရူဆို သြဂုတ် ၂၈

ကယားပြည်နယ် လွိုင်ကော်ခ်ရိုင်၊ ဖရူဆိုမြို့နယ်တွင် COVID - 19 ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေး ကာကွယ်၊ ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိရာ နေအိမ်ပြင်ပသို့ ထွက်ခွာ သွားလာနေသော ပြည်သူများအား မဖြစ်မနေ Mask တပ်ဆင်ခြင်း ရှိ/ မရှိ ယနေ့နံနက် (၈)နာရီ အချိန်က ဖရူဆိုမြို့ဝင်/ ထွက်ဂိတ်၌ ရှောင်တခင် ကွင်းဆင်းစစ်ဆေးဆောင်ရွက် ခဲ့သည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ် Coronavirus Disease 2019 Covid - 19 ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ အတွင်းရေးမှူး ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမင်းမင်းနှင့် ဌာနဆိုင်ရာ ကော်မတီဝင်များက မြို့ဝင်/ထွက် ပူးပေါင်း စစ်ဆေးရေးဂိတ်၌ ဖြတ်သန်းသွားလာကြသည့် ပြည်သူများအား Mask တပ်ဆင်ခြင်းရှိ/ မရှိ ရှောင်တခင် စစ်ဆေးပြီး Mask တပ်ဆင်ခြင်း မရှိသူများအား အရေးယူ ဆောင်ရွက်သည့် အနေဖြင့် Mask တစ်ခုလျှင် ငွေကျပ် ၁၀၀၀ နှုန်းဖြင့် ချက်ချင်းဝယ်ယူ တပ်ဆင်စေခြင်း၊  ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန် ထားသော ညွှန်ကြားချက် များနှင့်အညီ နေထိုင်သွားလာ ကြ ရန် Covid – 19 ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးနှင့် ကြိုတင်ကာကွယ်ရေး နည်းလမ်းများကို သိရှိနိုင်ရန်အတွက် လက်ကမ်း စာစောင်များ ဖြန့်ဝေခြင်း စသည့် အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

တောရယ်(ပြန်/ဆက်)