မြေငှားရမ်းဂရန် လျှောက်ထားနိုင်ရန်အတွက် မြေပိုင်ဆိုင်မှု အထောက်အထား(သို့မဟုတ်)မြေပေးမိန့် ရရှိရေး လိုအပ်သည့် ထောက်ခံချက်များ ဆောင်ရွက်ပေး

ဘောလခဲ ဩဂုတ် ၂၈

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့တွင် မြေငှားရမ်းဂရန် လျောက်ထားနိုင်ရန်အတွက် မြေပိုင်ဆိုင်မှု အထောက်အထား (သို့မဟုတ်) မြေပေးမိန့် ရရှိရေး လိုအပ်သည့် ထောက်ခံချက်များကို ယနေ့နံနက်(၁၀)နာရီက ပြည်သူ့ဝန်ဆောင်မှုရုံး(oss)၌ ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးသန့်က အမှာစကားပြောကြားရာတွင် မြေငှားရမ်းဂရန်နှင့် စပ်လျဉ်း၍ ၂၀၁၈ ခုနှစ်တွင် (၁)ကြိမ်၊ ၂၀၁၉ ခုနှစ်တွင် (၁)ကြိမ် စုစုပေါင်း အိမ်ထောင်စု(၂၈၄)ဦး အတွက် မြေဂရန်ထုတ်ပေးခဲ့ပြီးဖြစ်ပါကြောင်း၊ တတိယအကြိမ် အနေဖြင့် ရှမ်းပိုင်းရပ်ကွက်(၁၀၇)ဦး ၊ ယခု ကယားပိုင်းရပ်ကွက်(၆၂)ဦးအတွက်ကို မြေဂရန်လျောက်ထားနိုင်ရန်အတွက် မြေပေးမိန့် ရရှိရေး လိုအပ်သည့် စာရွက်စာတမ်း၊ ရပ်ကွက်၊ ကော်မတီဝင်အဖွဲ့နှင့် သက်ဆိုင်ရာ ဌာနများ၏ ထောက်ခံချက် များကို ဆောင်ရွက် ပေးမည်ဖြစ်ကြောင်း ‌ပြောကြားသည်။

ဆက်လက်ပြီး စာရေးတစ်ဦးမှ လိုအပ်ချက်များ သိရှိနိုင်ရေးအတွက် ရှင်းလင်း ပြောကြားပေးပြီး သက်ဆိုင်ရာ တာဝန်ရှိသူများက ထောက်ခံချက် လက်မှတ်များကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဖိုးရယ်