ရှားတောမြို့၌ COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး လုပ်ငန်းများ ဆက်လက် ဆောင်ရွက်

ရှားတော သြဂုတ် ၂၇

ကယားပြည်နယ်၊ ရှားတောမြို့နယ်တွင် Coronavirus Disease 2019 (COVID–19) ရောဂါ ကူးစက်ပြန့်ပွားမှု ထပ်မံ မဖြစ်ပေါ်စေရေးနှင့် ထိန်းချုပ်ကုသနိုင်ရေးအတွက် အသိပညာပေးခြင်း လုပ်ငန်းများကို မြို့နယ် Coronavirus Disease 2019 (COVID–19) ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီဝင်ဌာနများက ယနေ့ နံနက် (၈) နာရီ အချိန်က လူသွား လူလာများသော ဗိုလ်ချုပ်လမ်းနှင့် ဦးအောင်ဇေယျ လမ်းဆုံတွင် ဆောင်ရွက်ခဲ့သည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ် Coronavirus Disease 2019 (COVID–19) ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီဝင် ဌာနများ ဖြစ်သော မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံးမှ ဝန်ထမ်းများ၊ မြို့နယ် ကုသရေး နှင့်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ ပါဝင် ဆောင်ရွက် ကြပြီး COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် လမ်းပေါ်တွင် သွားလာ နေသော ပြည်သူများအား နေအိမ် ပြင်ပသို့ သွားလာပါက မဖြစ်မနေ Mask တပ်ဆင် သွားရန်နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန် ထားသော စည်းကမ်းချက်များ နှင့်အညီ လိုက်နာ ဆောင်ရွက်သွားရန် အသိပညာပေးပြောကြားပြီး Mask တပ်ဆင်ခြင်း မရှိသော ပြည်သူ များအား Mask များ အခမဲ့ ဖြန့်ဝေပေးလျက် ရှိကြောင်းသိရသည်။

မြို့နယ်ပြန်/ဆက်