ရှားတောမြို့၌ ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော Cash for Work စီမံကိန်းလုပ်ငန်းများနှင့် ရုံးအဆောက်အဦတည်ဆောက်နေမှုအား ကွင်းဆင်းစစ်ဆေး

ရှားတော သြဂုတ် ၂၈

ကယားပြည်နည်၊ လွိုင်ကော်ခရိုင်၊ ရှားတောမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် စီးပွားရေး ကုစားမှုအစီအစဉ် Covid-19 Economonic Relief Plan(CERP)အရ Covid-19 ရောဂါ ကာလအတွင်း နိုင်ငံတော်မှ ချမှတ်ထားသောပြည်သူများ၏ လူမှုစီးပွားဘဝ ထိခိုက်မှုများကို ကုစား ပေးနိုင်ရန် အတွက် Cash for work စီမံကိန်းလုပ်ငန်းများ အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိသည့် အလယ်ပိုင်း ကျေးရွာအုပ်စု၊ မြောက်ရွာကျေးရွာသို့ ကယားပြည်နယ် ကျေးလက် ဒေသဖွံ့ဖြိုး တိုးတက် ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြား ရေးမှူး ဦးစောဒီးဒီးနှင့် အဖွဲ့သည် ယမန်နေ့ မွန်းလွဲပိုင်းက ကွင်းဆင်း စစ်ဆေးဆောင်ရွက်ခဲ့သည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ကယားပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးစောဒီးဒီး၊ ခရိုင်ဦးစီးအရာရှိ(နည်းပညာ) ဦးနျားရယ်နှင့် အဖွဲ့က ကိုဗစ်-၁၉ စီးပွားရေး ကုစားမှုအစီအစဉ် Cash for Work စီမံကိန်း လုပ်ငန်းများ အကော်အထည်ဖော် ဆောင်ရွက်လျက်ရှိသော အလယ်ပိုင်းကျေးရွာအုပ်စု၊ မြောက်ရွာကျေးရွာရှိ ရေနုတ်မြောင်း တူးဖော်ခြင်း လုပ်ငန်း၊ ခန်းမဆောင် ခြံစည်း ရိုးပြုပြင်ခြင်းလုပ်ငန်း၊ Box Culvert ()စင်း တည်ဆောက်ခြင်းလုပ်ငန်းနှင့် ရှားတော မြို့နယ် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အဆောက်အဦသစ် တည်ဆောက်ခြင်းလုပ်ငန်းတို့အား ကွင်းဆင်း ကြည့်ရှု စစ်ဆေးပြီးစီးရေးနှင့် စံချိန်စံညွှန်းကိုက်ညီရေး အလေးထားဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့ ကြောင်း သိရသည်။ 

ထွန်းအောင်(ပြန်/ဆက်)