ကယားပြည်နယ်ဝန်ကြီးချုပ် ပြည်သူများသို့ MEVM အသိပညာပေးခြင်းနှင့် စမ်းသပ်မဲပေးခြင်း ဆောင်ရွက်မှုကြည့်ရှုအားပေး၊ လွိုင်ကော်တက္ကသိုလ် တည်ဆောက်ပြုပြင်ခြင်းလုပ်ငန်းများ တိုးတက်မှုကြည့်ရှုစစ်ဆေး
လွတ်လပ်၍ တရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးနှင့် မဲဆန္ဒရှင်ပြည်သူများ မှန်ကန်မြန်ဆန်စွာဖြင့် လွယ်ကူစွာအသုံးပြု၍ ဆန္ဒမဲပေးနိုင်ရန် မြန်မာအီလက်ထရောနစ်မဲပေးစက်များ အသုံးပြုသွားမည်ဖြစ်ရာ လွိုင်ကော်မြို့နယ်အတွင်းရှိ ရပ်ကွက်ပြည်သူများသို့ မဲပေးစက်များနှင့် စပ်လျဉ်း၍ အသိပညာပေးခြင်းနှင့် စမ်းသပ်ဆန္ဒမဲပေးခြင်းကို ယမန်နေ့ နံနက်က လွိုင်ကော်မြို့၊ မြို့လယ်ဓမ္မာရုံတွင် ပြုလုပ်ရာ ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဇော်မျိုးတင်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက သွားရောက်ကြည့်ရှုအားပေးသည်။