မယ်စဲ့ စက်တင်ဘာ ၁၇
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့ မွန်းလွှဲပိုင်း မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်းမ၌ ကျင်းပသည်။
ရှေ့ဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူးဦးလှမျိုးထွန်းက ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ ဆောင်ရွက်နေသည့် ဝန်ထမ်းများအတွက် ကိုဗစ်-၁၉ ကာကွယ်ရေးသုံးပစ္စည်းများကို ထောက်ပံ့ ပေးအပ်ခြင်း ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှမျိုးထွန်း၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဝင်းတို့က ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ ရပ်၊ကျေးစာရေးများနှင့် ဝန်ထမ်းများအတွက် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ထောက်ပံ့သည့် ကိုဗစ်-၁၉ ကာကွယ်ရေးသုံး ပစ္စည်းဖြစ်သည့် Hand Held Meda Phone (၈)ခု၊ ကိုယ်အပူချိန်တိုင်းစက် (၅)ခု၊ GAD တံဆိပ်ပါ အဝတ် Mask (၉၃)ခု၊ Hand Sanitizer အကြီး (၁)ခုနှင့် အသေး (၂)ခု တို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ဝတ်ရည်(ပြန်/ဆက်)